ရဲဒုတပ်ကြပ် ၁ ဦး မုံရွာပကဖဆီ ဘက်ပြောင်းခိုလှုံ

မြေလတ်အသံ၊ ဇူလိုင် ၂၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို ရဲဒုတပ်ကြပ် ၁ ဦး ဇူလိုင် ၂၁ ရက် ဒီကနေ့မှာ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက ပြောပါတယ်။

ဘက်ပြောင်းလာသူဟာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မရဲစခန်းမှ အသက် ၄၀ အရွယ်ရဲဒုတပ်ကြပ်ဖြစ်ပြီး သူဟာ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် (၃) အဖွဲ့ဆီကို ဝင်လာရောက်ခဲ့တာလို့ မုံရွာမြို့နယ်ကပဖရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါ ဒုတပ်ကြပ်အနေနဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်မှုမရှိဘူးလို့သိရတဲ့အတွက် သူဖြစ်ချင်တဲ့ ဆန္ဒအတိုင်း လုပ်ဆောင်ပေးထားတယ်လို့လည်း အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၁၃ ရက်ကလည်း မုံရွာမြို့အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်-နမခ က စစ်ကောင်စီ တပ်သား ၃ ဦး မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၂၊ တိုက်ခိုက်ရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅၊ ဇန်နဝါရီလမှ ဇွန်လအထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်ဘက်က ဘက်ပြောင်းတာ၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၁,၄၉၂ ဦးထိရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ဇူလိုင် ၁၀ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။