စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို နေပြည်တော်တပ်ရင်းတွေပေါင်းတိုက် (ရုပ်/သံ)

0 20
0 20

ရေတာရှည်၊ ဇူလိုင် ၁၇၊ ၂၀၂၅။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းအမှတ် ၈၀၆ ဆီက သိရပါတယ်။

အင်အား ၂၀၀ ဝန်းကျင်ပါ အဲ့ဒီစစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရေတာရှည်မြို့နယ်၊ ပိန္နဲပင်ဆိပ်ကျေးရွာအနီးမှာ ဇူလိုင် ၇ ရက် မနက် ၁၀ နာရီကျော်လောက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ကြောင်းက အင်အားထပ်ဖြည့်လာပြီး ပိန္နဲပင်ရွာဘက်ကို စစ်ကြောင်းထိုးလာတယ်။ ကျနော်တို့တပ်ဖွဲ့တွေက အဆင့်သင့်ပြင်ဆင်ပြီး တိုက်ခိုက်ခဲ့တယ်။ ကျနော်တို့ မြေပြင်မှာစုံစမ်းစစ်ဆေးကြည့်တော့လည်း စစ်ကောင်စီဘက်နေ ဒီထိခိုက်သေဆုံးတဲ့သူတွေကို ကား ၄ စီး၊ ၅ စီးနဲ့ သယ်ထုတ်သွားတယ်လို့ အတည်ပြုရတယ်”လို့ တပ်ရင်းအမှတ် ၈၀၆ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြားတိုက်ခိုက်မှုဟာ မီတာ ၃၀၀ ဝန်းကျင်သာကွာဝေးပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် ၄ နာရီခန့်ကြာမြင့်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က အရာရှိအဆင့် ၄ ဦးအပါ ၄၀ ဦးခန့်သေဆုံးခဲ့တယ်လို့ ပြောဆိုပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်ပါဘူး။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ မပေါက်ကွဲသေးတဲ့ဗုံးသီးတချို့နဲ့ မိုင်းတွေတွေ့ရှိရပြီး အရပ်သားတွေထိခိုက်မှုမရှိအောင် ရှင်းလင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်ပွားပြီးတော့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တယ်ဗျ။ ဒါပေမယ့် ပြည်သူထိခိုက်မှုနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုတော့ မရှိခဲ့ဘူးဗျ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကြောင်းဟာ ဇူလိုင် ၄ ရက်မှာ ရေတာရှည်မြို့နယ်၊ ရေလွဲရွာက ပြည်သူပိုင်နေအိမ် အလုံး ၄၀ ဝန်းကျင်ကို မီးရှို့ဖျက်းဆီးခဲ့တဲ့စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းအမှတ် ၈၀၁၊ ၈၀၂၊ ၈၀၃၊ ၈၀၄၊ ၈၀၅၊ ၈၀၆၊ ၈၀၇၊ ၈၀၈၊ ၉၀၁ နဲ့ တပ်ရင်း ၃၅၀၄ NSA-31 အဖွဲ့တို့ ပူပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ကာကွယ်ရေးအဖွဲ့ဝင်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။