myaelatt athan

Sharing Information to the Local

⁨ချင်းတွင်းမြစ်ကြောင်းကလာတဲ့ စစ်ကောင်စီသင်္ဘောတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

0 1
0 1

ဆားလင်ကြီး၊ ဇွန် ၂၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အပိုင် ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေကို ဇွန် ၂၈ ရက် နေ့လယ် ၂နာရီလောက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၉၊ Idiots Column ဆီက သိရပါတယ်။

စစ်သင်္ဘော ၂ စီးနဲ့ ဖလပ်ခွန်မော်တော် ၉ စီးဆန်တက်လာချိန် ၃ စီးမြောက်နဲ့ ၅ စီးမြောက်ဖလပ်ခွန်ကို လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်ချိန် ၁ နာရီကြာမြင့်ခဲ့တယ်လို့ ယင်းမာပင် ခရိုင်တပ်ရင်း (၉)၊ Idiots Column စစ်ကြောင်းမှူးက ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီရေယာဥ်တွေဟာ ဧရာဝတီမြစ်ကြောမှဆန်တက်လာပြီး ဇွန် ၂၇ ရက်ညက ဆင်ဖြူရှင်တံတားအနီး ညအိပ်ရပ်နားခဲ့ပြီးနောက် ဇွန် ၂၈ ရက်မနက်အစောပိုင်းမှာ ဆက်ထွက်ခွါလာရာမှာ ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး ညနေ ၅ နာရီလောက်မှာ မုံရွာမြို့ရှိ အုန်းပင်ဆိပ်ကမ်းကိုရောက်ရှိသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို North Western People Defence Force – N.W.P.D.F (အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်)၊ ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်းရဲ့ Idiots Column နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေက ပြုလုပ်ခဲ့ကြတာပါ။

စစ်ကောင်စီတပ်ရဲ့ ရေယာဥ်တွေဟာ မိုးရာသီမြစ်ရေတက်ချိန်တွေရောက်ရင် ၁ နှစ်ကို ၅ ခေါက် အနည်းဆုံး ကူးသန်းလေ့ရှိပြီး ဒေသတွင်းမဟာမိတ်တပ်ဖွဲ့တွေက အလွတ်မခံဘဲစောင့်ကြည့် ပစ်ခတ်လေ့ရှိတယ်လို့လည်းသိရပါတယ်။

ကာကွယ်ရေးတပ်တွေ ပစ်ခတ်ဖို့စောင့်နေချိန်အတွင်းမှာလည်း စစ်ကောင်စီရဲ့စက်တပ်လေထီး ၂ စီးပေါ်ကနေ ချင်းတွင်းမြစ်နံဘေးက သရက်ကိုင်း၊ အောင်ချမ်းသာ၊ နှောကူးကျေးရွာတွေကို ဗုံး ၅ လုံးထက်မနည်း ကြဲချခဲ့တာဖြစ်ပြီး ကျေးရွာနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဗုံးကျရောက်ပေါက်ကွဲတာကြောင့် သရက်ကိုင်းကျေးရွာနေ အသက် ၆၀ နှစ်ခန့်အမျိုးသား ၂ ဦးနဲ့ အသက် ၂၀ နှစ်ခန့်အမျိုးသား ၁ ဦး နေအိမ်မှာ သေဆုံးခဲ့ပြီး နောက်ထပ် အသက် ၆၀ ဝန်းကျင်ရှိအမျိုးသား ၁ ဦးမှာ ဒဏ်ရာပြင်းထန်လို့ ဆေးရုံပို့ဆောင်ကုသစဉ် ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ ၄ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။