ကန့်ဒေါင့်တိုက်ပွဲမှာ BLPA တပ်စုမှူး စနိုက်ပါမှန်ပြီးကျဆုံး (Reel)

မြေလတ်အသံ၊ ဇွန် ၂၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာစခန်းသိမ်းတိုက်ပွဲမှာကျားသစ်နက်တပ်မတော်-BLPA တပ်စုမှူး ၁ ဦးကျဆုံးခဲ့ပါတယ်။

အဆိုပါတပ်စုမှူးဟာ ယင်းမာပင်ခရိုင်အမှတ် (၁၁) တပ်ရင်း၊ကျားသစ်နက်တပ်မတော်-BLPA မှ အသက် ၂၄ နှစ်အရွယ် ကျော်ကြီး (ခ) ကျော်မျိုးသူဖြစ်ပြီး ဇွန် ၁၉ ရက်မှာစနိုက်ပါ ကျည်ထိမှန်ကျဆုံးခဲ့တာပါ။

စစ်ကောင်စီတပ်သားတွေကို အလင်းဝင်ဖို့အော်နေချိန်မှာခေါင်းကိုစနိုက်ပါထိမှန်ပြီးကျဆုံးခဲ့တာလို့ BLPA ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

တပ်စုမှူးကျော်ကြီးမှာ ဇနီးနဲ့ကလေးငယ်ကျန်ရှိခဲ့ကာ သူရဲ့အလောင်းကိုတော့ဇွန် ၂၀ ရက်မနက် ၉ နာရီကျော်မှာ စျာပနအခမ်းအနားကိုပြုလုပ်ပြီးမီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

တည်းဖြတ် – HP⁩

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။