နွားထိုးကြီး၊ မေ ၂၆၊ ၂၀၂၅။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းနဲ့ စစ်ကောင်စီစစ်ကြောင်းကို မေ ၁၅ ရက်ကနေ ၁၉ ရက်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။
နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မေ ၁၅ ရက်ကနေ ၁၆ ရက်အထိ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲအတွင်းမှာ ရဲစခန်းရဲ့အရှေ့မျက်နှာစာအထိ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်ကလေကြောင်းကနေပစ်ကူပေးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စခန်းကို ဆုတ်ခွာခဲ့ရတယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း တပ်ဖွဲ့ဝင် တဦးကပြောပါတယ်။
ဒါ့အပြင် မေ ၁၉ ရက်မှာ နွားထိုးကြီးမြို့နယ်၊ ဇည်ကျေးရွာအနီး ကို အင်အား ၁၅၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ တပ်မ ၈၈ လက်အောက်ခံ ခလရ ၈၃၊ ခမရ ၁၀ နဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နေ့လယ် ၁၁ နာရီခွဲကနေ ည ၇ နာရီခွဲအထိ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က ၄၀ ဦးအထက်သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရကာ စစ်ကောင်စီတပ်သားအလောင်း ၁၀ လောင်းအထက်၊ သေနတ် ၁၈ လက်နဲ့ စစ်အသုံးဆောင်ပစ္စည်းတွေကို သိမ်းဆည်းရခဲ့တယ်လို့သိရပါတယ်။
ဒီတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း၊ တံတားဦး ပကဖ၊ စဥ့်ကိုင် ပကဖ၊ မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့၊ SintKaing Revolution Force (SRF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
တည်းဖြတ် – HP