myaelatt athan

Sharing Information to the Local

ရေဘေးသင့်ပြည်သူတွေကို Monywa Nightking အဖွဲ့က ထမင်းကျွေးနေ (ရုပ်/သံ)

စစ်ကိုင်း၊ ဇူလိုင် ၁၂၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ရေကြီးမှုဒဏ်ကိုခံနေရတဲ့ ဒေသခံပြည်သူ ၃၀၀ ကို ဇူလိုင် ၁၁ ရက်နေ့က ထမင်းတနပ်လှူဒါန်းခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း ၄၊ တပ်ခွဲ ၃၊ Monywa Nightking အဖွဲ့ဆီက သိရပါတယ်။

မုံရွာမြို့နယ်မှာ ဇူလိုင် ၇ ရက်ကစပြီး ချင်းတွင်းမြစ်ရေတက်ရာကနေတဆင့် ရွာပေါင်း ၂၀ ကျော် ရေဘေးသင့်ခဲ့ရတာဖြစ်ပြီး Monywa Nightking အဖွဲ့နဲ့ နီးစပ်တဲ့ ရွာကရေဘေးသင့် ပြည်သူ ၃၀၀ အတွက် ညစာ ကြက်ဥကြော်၊ ပဲတီချဥ်၊ ပဲငပိငရုပ်သီးကြော်နဲ့ ထမင်းတနပ်လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။

လှူဒါန်းရာမှာ Monywa Nightking အဖွဲ့က ဆန် ၂ အိတ်မတည်ပေးခဲ့ပြီး ပြည်သူလှူဒါန်းငွေနဲ့ စုစုပေါင်း ၄၈၇၆၀၀ ကျပ်ဖိုးလှူဒါန်းခဲ့တာလို့ မုံရွာခရိုင် တပ်ရင်း ၄၊ တပ်ခွဲ ၃၊ Monywa Nightking တပ်ခွဲမှူး ဗိုလ်ငယ်လေးက ပြောပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၂ ရက် ဒီနေ့မှာလည်း ရေထပ်တက်နေတာကြောင့် တပ်ဖွဲ့ရန်ပုံငွေနဲ့ ပြည်သူလှူဒါန်းငွေစုပေါင်းကာ ညစာအတွက်လှူဒါန်းပေးသွားမယ်လို့လည်း ဆိုပါတယ်။

မုံရွာမြို့မှာ ၅ နှစ်ကျော်အကြာ ရေကြီးရေလျှံတာမဖြစ်ခဲ့ဘဲ ယခုနှစ်မှသာ မိုးရွာသွန်းတာမျိုးမရှိဘဲ ချင်းတွင်းမြစ်ရေတက်လာပြီး ရေကြီးရေလျှံဖြစ်နေတာလို့လည်း ဆိုပါတယ်။

ဇူလိုင် ၇ ရက်ကစပြီးချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် မုံရွာမြို့တောင်ဘက်နဲ့ မြောက်ဘက် ချင်းတွင်းမြစ်အနီးတဝိုက်က ကျေးရွာ ၄၀ ခန့် ရေဘေးသင့်နေကြတယ်လို့လည်း သိရပါတယ်။

စာတည်း – နွေဦးငြိမ်းချမ်း၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။