⁨စစ်ကူလာပို့တဲ့ စစ်ကောင်စီထောက်ပို့ရဟတ်ယာဥ်တွေ ပစ်ခံရပြီး ၁ စီးပျက်ကျ(ရုပ်/သံ)

0 3
0 3

မြေလတ်အသံ၊ မေ ၂၀ ၊ ၂၀၂၅။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကို စစ်ကူပို့ဆောင်လာတဲ့ Mi 17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ် ၃ စီးအနက် ၂ စီးကို ဒီနေ့မေ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီခန့်မှာ KIO/KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ Mi 17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ် ၃ စီးကို ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အနောက်ဖက်တနေရာမှာပစ်ခတ်ခဲ့တာဖြစ်ပြီး ၂စီးထိမှန်ကာ၁စီးပျက်ကျသွားပြီး သေဆုံးသူတွေရှိတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကမြေလတ်အသံကိုပြောပါတယ်။

ပျက်ကျသွားတဲ့ စစ်ကောင်စီ ရဲ့ ရဟတ်ယာဉ်ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၂၀ ခန့်ပါဝင်တယ်လို့သိရပြီး အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူ ကဆက်ပြောပါတယ်။

ဒါ့အပြင် KIO/KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ပျက်ကျသွားတဲ့ရဟတ်ယာဉ်ကို KIA တပ်ရင်း ၅ တပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။⁩

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။