myaelatt athan

Sharing Information to the Local

⁨နတ်ရေကန်စစ်ကောင်စီတပ်စခန်း လက်နက်ကြီးနဲ့ပစ်ခံရ (ရုပ်/သံ)

ချောင်းဦး၊ မေ ၁၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်း၊ နတ်ရေကန်ကျေးရွာမှာအထိုင်ချတပ်စွဲပြီး ခရီးသွားကားတွေကိုဆက်ကြေးတောင်းနေတဲ့ စစ်ကောင်စီအဖွဲ့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Standard Revolution Force – SRF MMU ဆီက သိရပါတယ်။

မေ ၁၁ ရက် နေ့လယ် ၁၁ နာရီလောက်မှာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေက ၆၀ မမ ၁၀ လုံး၊ ၈၀ မမ ၁၇ လုံးနဲ့ ၁ မိုင်‌လောက်အကွာကနေ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ပစ်မှတ်အားလုံးထဲက ၂ လုံးတော့လွဲတယ်ဗျ။ ၂ လုံးကတော့ စခန်းကိုကျော်ကျပြီး ကျန်တဲ့အလုံးတွေက စခန်းထဲကိုကျရောက်ပေါက်ကွဲတယ်ဗျ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၂ ဦးသေဆုံးပြီးတော့ ၇ ဦးဒဏ်ရာရတယ်။”လို့ Standard Revolution Force – SRF MMU တာဝန်ခံက ပြောပါတယ်။

အဲ့ဒီအထိုင်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ဝန်းကျင်ရှိပြီး တပ်ပြောင်းတပ်လွှဲတွေနဲ့ အထိုင်ချနေထိုင်နေကြတာလို့ ဆိုပါတယ်။

တော်လှန်ရေးတပ်တွေတိုက်ခိုက်ချိန် စစ်ကောင်စီဘက်ကလည်းလက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Standard Revolution Force – SRF MMU၊ Golden Triangle PDF နဲ့ အင်းလေးသား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ၊ မုံရွာ -မန္တလေးလမ်းဘေးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စခန်းကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ Standard Revolution Force – SRF MMU အဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့ပါသေးတယ်။

တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။