myaelatt athan

Sharing Information to the Local

⁨စလင်းမြို့အနီးက စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံးဟုဆို (ရုပ်/သံ)

စလင်း၊ ဧပြီ ၂၆၊ ၂၀၂၅။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့အ‌နောက်ဘက်အထွက် ဝက်သည်းကန်အနီးရှိ ရှမ်းရွာကုန်းနဲ့ ဆင်ကျူံးကြားမှာရှိတဲ့ စစ်ကောင်စီဂိတ်ကို ဧပြီ ၂၆ ရက် မနက် ၅ နာရီခွဲလောက်မှာ ဝင်‌ရောက်တိုက်ခိုက်ခဲ့တယ်လို့ Yenather Column ဆီက သိရပါတယ်။

စစ်သားနဲ့ပျူစောထီး ၁၅ ဦးဝန်းကျင်ရှိတဲ့ အဆိုပါဂိတ်ကို စတင်တိုက်ခိုက်ပြီးနောက် မိနစ် ၂၀ ခန့် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က သတင်းပေးတွေအရ ၈ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့က ပြည်သူအသွားအလာကို စိတ်အနှောင့်အယှက်ပေးတဲ့ဂိတ်လို့သိရှိထားတဲ့အတွက် ကျနော်တို့က ဝင်ရောက်ပြီးပစ်ခတ်ရှင်းလင်းတာပါ၊ သူတို့အထဲက သတင်းပေးအရတော့ သေဆုံးတာက ၈ ဦးရှိတယ်၊ ကျန်တဲ့ဒဏ်ရာရတာတော့ အနည်းအကျဉ်းတော့ရှိတယ်”လို့ Yenather Column တပ်ရေးဗိုလ်ကြီးက ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့အချိန် ကံပြားရဲစခန်းကစစ်ကူလာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

“အဲ့ဒီဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာသမျှပြည်သူ့ကားတွေကို တားတယ်၊ ဆိုင်ကယ်တွေ တားတယ်၊ တားပြီးစစ်ဆေးတယ်၊ နောက်ဆုံးတော့ ငွေတောင်းတယ်၊ ပြည်သူ့တွေကိုလည်း ခြိမ်းခြောက်တာတွေလုပ်တယ်၊ အဲ့ဒါကြောင့် ဝင်ရောက်တိုက်ခိုက်ခဲ့တာ”လို့ တပ်ရေးဗိုလ်ကြီးက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Yenather Column နဲ့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တို့က ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်ကလည်း စလင်းမြို့နယ်၊ ကံပြားရွာကနေ ပုသိမ်-မုံရွှာလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတင့်ကား ၂ စီးနဲ့ အင်အား ၂၀၀ ကျော်ပါစစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – လင်း ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။