စစ်အာဏာသိမ်း ၄ နှစ်ပြည့် ဝက်လက်မြို့နယ်မှာ သပိတ်ပြုလုပ်

0 1
0 1

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၅။

စစ်အာဏာသိမ်းလိုက်တဲ့ ၄ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ဒေသခံတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေပူးပေါင်းပြီး စစ်သုံးစစ်တိုက်ဖျက်ရေး လူထုလှူပ်ရှားမှု ချီတက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတယ်လို့ Wetlet Township Student’s Union – ABFSUက ထုတ်ပြန်ပါတယ်။

အဲဒီဆန္ဒပြပွဲကို ဝက်လက်မြို့နယ်ထဲကကျေးရွာတရွာမှာ မနက် ၉ နာရီကနေ ၁၁ နာရီအထိ စုစုပေါင်းအင်အား ၂၀၀ ကျော်ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်သူလူထုအနေနဲ့ လက်ရှိတော်လှန်ရေး ၄ နှစ်ကျော်ကာလတွင်မကဘူး။ ဒီတော်လှန်ရေးရဲ့ အဆုံးသတ်နိုင်တဲ့အထိ ကျောင်းသား၊ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံ ချင်ပါတယ်”လို့ Wetlet Township Student’s Union -ABFSU ဥက္ကဌ ကိုဟန်မင်းစိုးက ပြောပါတယ်။

စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူထုချီတက်ဆန္ဒပြပွဲအပြင် ဆန္ဒပြသပိတ်မှောက်ရာမှာပါဝင်သူတွေကို တော်လှန်သွေးနိုးကြားတတ်ကြွစေမယ့် နိုင်ငံရေးဟောပြောဆွေးနွေးမှုတွေကို ဒေသစည်းရုံးရေးတပ်ဖွဲ့ဝင်တွေကဦးဆောင်ကာ ဟောပြောဆွေးနွေးခဲ့ကြတယ်လို့ သူကဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။