ရေစကြိုမှာ ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၁၀ ဦးသေပြီး ၁၅ ဦးဒဏ်ရာရ (ရုပ်/သံ)

0 1
0 1

မကွေး၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းမြို့ကထွက်လာတဲ့ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ က စစ်သားတွေကို ဖေဖော်ဝါရီ ၁၁ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF ဆီက သိရပါတယ်။

ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ က စစ်သား အင်အား ၇၀ ကျော်ကို ဖေဖော်ဝါရီ ၁၁ ရက် မနက် ၈ လောက်က ပခန်းမြို့မြောက်ဘက် လမ်းခုလတ်တနေရာမှာ မီတာ ၇၀ အကွာကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။

နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ကျော်ဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရသွားပြီး အဆိုပါစစ်ကြောင်းဟာ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ တပ်ထဲကို ပြန်ခေါက်သွားတယ်လို့ Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က MA 3 ၁ လက်၊ MA 1 ၄ လက် တို့ကို သိမ်းဆည်းရခဲ့ပြီး သေဆုံးအလောင်းတွေထဲက ၈ လောင်းကိုစစ်ကောင်စီတပ်က ပခန်းမြို့ဘက်ကိုသယ်သွားပြီး မြောက်ပြင်သင်္ချိုင်းမှာ မြေမြှုပ်တာတွေလုပ်ကာ ကျန်ရှိခဲ့တဲ့ အလောင်း ၂ လောင်းကိုတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မီးရှို့သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ဆက်ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်မှာတော့ ဒဏ်ရာရစစ်သားတွေကို ပခန်းမြို့ဆေးရုံကနေ ပခုက္ကူဆေးရုံကို ပြန်သယ်သွားတယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို နတ်မိကျောင်း စစ်ဆင်ရေးအနေဖြင့် Southern YSO PDF ဦးဆောင်ပြီး Southern Local တပ်ပေါင်းစု၊ Yesagyo Revolution Group (YRG)၊ ဒေါင်းညီနောင် PDF၊ ဒေါင်းစစ်သည် PDF၊ ပြည်သူ့အားမာန် PDF၊ King တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။