3
မြေလတ်အသံ၊ နိုဝင်ဘာ ၁၉၊ ၂၀၂၅။
မြေလတ်ဒေသကသတင်းတွေကို တင်ဆက်ပေးနေတဲ့ မြေလတ်အသံသတင်းဌာနရဲ့ တနေ့တာသတင်း စတဲ့သတင်းတွေကို တင်ဆက်ထားပါတယ်။
- ဗန်းမောက်၊ ကနီနဲ့ ဂန့်ဂေါမှာ တိုက်နယ်ဆေးရုံအပါနေရာ ၄ ခု လေယာဥ်နဲ့ဗုံးကြဲခံရပြီး ၄ ဦးသေဆုံး
- မြိုင်၊ တကစ ၃ တပ်ကနေ ရိက္ခာထွက်ရှာတဲ့ စစ်သား ၂ ဦးပစ်ခတ်ခံရပြီး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာနဲ့ဖမ်းမိ
- နန်းယွန်းမြို့နယ်ထဲရောက်နေတဲ့ အိန္ဒိယရဲ့နယ်စပ်ခြံစည်းရိုးကာရံမှုကို တန်ရှန်းနာဂကောင်စီက ကန့်ကွက်ပြီး ရပ်တန့်ပေးဖို့တောင်းဆို
- ပြည်သူပိုင်ကားတွေကို ချောဆွဲပြီး လိုက်ပါလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ
စတဲ့သတင်းတွေကို တင်ဆက်ထားပါတယ်။