⁨ပြည်သူပိုင်ကားတွေကို ချောဆွဲပြီး လိုက်ပါလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

0 6
0 6

ရေစကြို၊ နိုဝင်ဘာ ၁၉၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့၊ ကျောက်လှေခါးရွာကနေ ပြည်သူပိုင်ကားတွေကို ချောဆွဲပြီး လိုက်ပါလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ပခုက္ကူအစပ်မှာ တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF ဆီကသိရပါတယ်။

နိုဝင်ဘာ ၁၆ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ကျောက်လှေခါးရွာကနေ ပြည်သူပိုင်ကားတွေကို ချောဆွဲပြီး ပခုက္ကူမြို့နယ်က ပန်းတိုင်းခြုံဂိတ်ဆီကို လိုက်ပါလာတဲ့ ရေစကြိုမြို့ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ တပ်တွေက အင်အား ၁၂၀ ခန့်ပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ပခုက္ကူအစပ်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ ၅ မိနစ်ခန့်ဖြစ်ခဲ့ပြီး စစ်ကော်မရှင်ဘက်က ၁၈ ဦးသေဆုံးခဲ့တယ်လို့ Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက်ည ၈ နာရီခန့်မှာ စစ်ကော်မရှင်တပ်ရဲ့ ကားတွေရောက်လာပြီး အလောင်းတွေကိုသယ်ကာ ပခုက္ကူဘက်ကိုတက်သွားတယ်လို့လည်း သူကဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Southern YSO PDF၊ Yesagyo Revolutin Group(YRG)၊ ဒေါင်းညီနောင် PKU PDF၊ ပြည်သူ့အားမာန် PDF၊ King Cobra နဲ့ ဒေါင်းစစ်သည် PDF တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်ကလည်း ပခုက္ကူမြို့ လေယာဉ်ကွင်းဆီကနေ ရိက္ခာယူပြီးပြန်လာတဲ့ စစ်ကော်မရှင်အင်အား ၂၀ ပါ စစ်ကြောင်းကို Southern YSO PDF က ကြားဖြတ်တိုက်ခိုက်ရာ ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရခဲ့ပါသေးတယ်။

တည်းဖြတ် – HP

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။