⁨⁨စစ်တပ်အသည်းအသန်ကာကွယ်နေရတဲ့ ကပစ ၁၄ မှာ ဘာတွေရှိလဲ (ရုပ်သံဆောင်းပါး)

0 11
0 11

မြေလတ်အသံ၊ အောက်တိုဘာ ၂၄၊ ၂၀၂၅။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရလက်ထက် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း စတင်တည်ဆောက်ခဲ့တဲ့ Defence Industry ခေါ် လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစတပ်တွေအနက် ကပစ ၁၄ ဟာ ရခိုင်ရိုးမအခြေ ငဖဲမြို့နယ်ထဲမှာတည်ရှိပြီး လက်ရှိတော်လှန်ရေးတပ်တွေနဲ့ အနီးဆုံး အခြေအနေမှာ ရှိနေပါတယ်။

ကပစ ၁၄ ဟာ မြန်မာစစ်တပ်ရဲ့လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ ထုတ်လုပ်နိုင်ဖို့ရည်ရွယ်ခဲ့တာကြောင့် ရခိုင်ရိုးမကိုနောက်ခံထား မြေနေရာရှာဖွေခဲ့ပြီး လက်နက်ထုတ်လုပ်ရေးစက်ရုံတွေ လုံခြုံရေးအတွက်လည်း ရခိုင်ရိုးမအောက်မှာ ပေ ၂၀ နီးပါးအမြင့်ရှိတဲ့ ဥမင်လိုဏ်ခေါင်းကြီးကို ထည့်သွင်းတူးဖော်ထားတာပါ။

လက်ရှိမှာ အာရက္ခတပ်တော်-AA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ ကပစ ၁၄ ရဲ့ခံစစ်စခန်းဖြစ်တဲ့ နတ်ရေကန်တောင်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်ရရှိဖို့ လက်ကျန်စခန်းအနည်းငယ်သာ ကျန်ရှိတော့တယ်လို့ အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဟာ ကပစ ၁၄ ရဲ့လက်တကမ်းကို ရောက်ရှိနေတာကြောင့် စစ်ကော်မရှင်တပ်ကလည်း ရခိုင်ရိုးမပေါ် နတ်ရေကန်တောင်ကြောတလျှောက်ကို မြေပြင်စစ်ကူတွေအပြင် လေကြောင်းကနေလည်း လေယာဥ်မျိုးစုံသုံးပြီး ခုခံနေပါတယ်။

ဒီရုပ်သံဆောင်းပါးမှာ စစ်ကော်မရှင်တပ် မြေပြင်၊ ဝေဟင်ကနေ အသည်းအသန်ကာကွယ်နေရတဲ့ ကပစ ၁၄ တပ်အကြောင်း၊ ထုတ်လုပ်တဲ့လက်နက်တွေနဲ့ တပ်တွင်းအရေးကြီးနေရာတွေကို တင်ဆက်ပေးထားပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။