⁨SRF တပ်ဖွဲ့တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားပြုလုပ်(ရုပ်/သံ)

0 12
0 12

မြေလတ်အသံ၊ အောက်တိုဘာ ၂၂၊ ၂၀၂၅။

ကျောင်းသားတော်လှန်ရေးတပ်တော်-SRF တပ်ဖွဲ့တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားကို စစ်ကိုင်းနဲ့ ပဲခူးစစ်ဒေသတွေမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ သူသူခိုင်က ပြောပါတယ်။

အခမ်းအနားမှာတော့ မိတ်ဖက်အဖွဲ့အစည်းတွေဆီကပေးပို့လာတဲ့ သဝဏ်လွှာတွေဖတ်ကြားတာ၊ တက်ရောက်လာတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ SRF အလံတော်ကို အလေးပြုတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“အမှာစကားတွေလောက်ပဲ ပြောတာပါ၊ သဝဏ်လွှာဖတ်တယ်၊ တိုက်ပွဲတွေရှိပြီး အကျအဆုံးတွေရှိလို့ ကြီးကြီးမာမား မလုပ်တာပါ၊ အလံအလေးပြုတာနဲ့ သဝဏ်လွှာဖတ်တာလောက်ပါပဲ။”SRF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ သူသူခိုင်က ပြောပါတယ်။

၄ နှစ်ပြည့်အခမ်းအနားကို မဟာမိတ်တပ်ဖွဲ့တွေနဲ့ ဒေသတွင်း တော်လှန်ရေးတပ်တွေက တက်ရောက်ခဲ့ကြပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA၊ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့-PDO၊ ပြည်သူ့ တော်လှန်ရေးတပ်ဦး-PRF၊ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်-SF/SAF၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့-YRF စတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက သဝဏ်လွှာတွေ အသီးသီးပေးပို့ခဲ့ကြပါတယ်။

SRF တပ်ဖွဲ့ကို ၂၀၂၁၊ အောက်တိုဘာ ၂၁ ရက်မှာ တပ်သားဦးရေ ၇၈ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ယခု ၂၀၂၅ မှာတော့ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းစစ်ဒေသတွေမှာ အသီးသီးလှုပ်ရှားနေတာပါ။

ကျောင်းသားတော်လှန်ရေးတပ်တော် – SRF က ၂၀၂၁ ကစလို့ အင်ကြင်းတောင်ရွာ ပျူစခန်းသိမ်းတိုက်ပွဲ၊ ကံရွာ ပျူစခန်းသိမ်းတိုက်ပွဲ၊ မင်းကင်းမြို့ လမ်းဆုံတိုက်ပွဲ၊ ရှဲသေမတောက် ပျူစခန်းသိမ်းတိုက်ပွဲ၊ စနဗျင်းရွာ ပျူစခန်းသိမ်းတိုက်ပွဲ၊ လက်ပံဆိပ်မတော တိုက်ပွဲ၊ ပခုက္ကူ ရေလာလေး စခန်းသိမ်းတိုက်ပွဲ၊ မြိုင်မြို့နယ် ကိုင်းတော့မ စခန်းသိမ်းတိုက်၊ ပခုက္ကူ ရှင်မကန်ပျူရွာတိုက်ပွဲ၊ ဖလမ်အို စခန်းသိမ်းတိုက်ပွဲ၊ ကနီမြို့နယ် ချောင်းမတိုက်ပွဲတွေမှာ ပါဝင်လှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် – HP

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။