⁨မိုးကုတ်မြို့ကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၂၃ လုံးပျက်စီး (ရုပ်/သံ)

0 20
0 20

မိုးကုတ်၊ သြဂုတ် ၂၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ စည်ပင်သာယာရပ်ကွက်ကို သြဂုတ် ၂၅ ရက်နေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ် ၂၃ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၂၅ ရက် ည ၁၁ နာရီလောက်မှာ မိုးကုတ်မြို့ အရှေ့ပိုင်း စည်ပင်သာယာရပ်ကွက်ဆင်တောင်လမ်းရှိ ဂေါ်ရခါးဘုရားကျောင်းအနီးကို ပေါင် ၅၀၀ အားရှိ ဗုံးသီး ၂ လုံးကြဲချခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးကြဲချမှုအတွင်း ဗုံးသီး ၁လုံးဟာ နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၂၃ လုံးထိခိုက်ပျက်စီးကာ အမျိုးသား ၁ ဦးလည်း ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

“ညကြီးအချိန်မတော် လာကြဲတာဆိုတော့ အသံကတော့ တော်တော်ကျယ်တယ်ဗျ။ အခုဗုံးကြဲတဲ့ နေရာက လူတော်တော်များများက အရင်ရက်တွေကတည်းက ထွက်ပြေးနေကြလို့ မဟုတ်ရင် လူအသေအပျောက်များမှာ။ မနက်ပိုင်းကတော့ အဲ့နေရာမှာ လာကြည့်တဲ့လူတွေ တော်တော်များတယ်။”လို့ ဒေသခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဗုံးစထိမှန်ပြီး ဒဏ်ရာရခဲ့သူဟာ မိုးကုတ်မြို့၊ စည်ပင်သာယာရပ်ကွက်နေထိုင်သူ အသက် ၅၀ ကျော်အရွယ် ဦးမောင်ညို ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကော်မရှင်တပ်က ကြဲချသွားတဲ့ ဗုံးသီး ၂ လုံးအနက် ၁ လုံးသာ ပေါက်ကွဲခဲ့ပြီး ၁ လုံးက မပေါက်ကွဲဘဲ ရှိနေသေးတယ်လို့လည်းသူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့ မနက်ပိုင်းကလည်း မိုးကုတ်မြို့နယ် အရှေ့ပိုင်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးခဲ့ပါသေးတယ်။

တည်းဖြတ် – HP⁩

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။