myaelatt athan

Sharing Information to the Local

ထီးလင်းမှာ စစ်ယာဥ်တန်းမိုင်းဆွဲခံရပြီး အပြန်အလှန်တိုက်ပွဲဖြစ်

တန့်ဆည်၊ မတ် ၁၈၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ကနေ ထီးလင်းမြို့နယ်ထဲ လက်နက်ခဲယမ်းတွေ တင်ဆောင်လာပြီး တပ်မ ၇၇ က စစ်သားတွေပါတဲ့ စစ်ယာဉ်တန်း ၃၂ စီးကို ထီးလင်းမြို့နယ်အတွင်းမှာ မတ်လ ၁၅ ရက် နဲ့ မတ်လ ၁၆ ရက်တို့မှာ မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ၅ ကြိမ် ဖြစ်ခဲ့တယ်လို့ Yaw Revolution Army – ထီးလင်း အဖွဲ့ဆီက သိရပါတယ်။

၂ ရက်တာအတွင်း မိုင်း ၃ ကြိမ်ဆွဲပြီး ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်သား ၄၀ ဦး သေဆုံးခဲ့တယ်လို့ ဆိုပေမယ့် ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ မိုင်းဆွဲခံရတဲ့ကားတွေက တပ်မ ၇၇ က စစ်သားတွေဖြစ်ပြီး ထီးလင်းမြို့နယ် ဆေးမင်းတောရွာထဲမှာ ရှိသေးတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်တပ်ရင်း (15/16/17)-YRA ထီးလင်း ၊ ဂန့်ဂေါခရိုင်တပ်ရင်း(18)-YNRF ထီးလင်း ၊ ယောကာကွယ်ရေးတပ် – YDF တို့က တိုက်ခိုက်ခဲ့ပြီး မြန်မာ့တော်ဝင်နဂါးတပ်မတော်(MRDA)မှ လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။