ပင်လည်ဘူးတိုက်ပွဲပြန် ယင်းမာပင်ခရိုင်PDF ၃၀ ဦးကို ပအဖ က နေ့လယ်စာနဲ့ဧည့်ခံပြီး ကျပ် ၁ သိန်းစီ ထောက်ပံ့(Reel)

မြေလတ်အသံ၊ ဇူလိုင် ၂၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲနဲ့ အခြားစစ်ဆင်ရေးတွေမှာ တိုက်ပွဲဝင်ပြီး ပြန်လည်ရောက်ရှိလာတဲ့ ယင်းမာပင်ခရိုင် အမှတ် ၂၉ ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့ ဝင်တွေကို ကြိုဆိုပွဲပြုလုပ်ပေးခဲ့တယ်လို့ ယင်းမာပင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ဆီက သိရပါတယ်။

ပင်လည်ဘူးမြို့တိုက်ပွဲတွေကနေ ဇွန်လအတွင်းမှာ ပြန်လည်ရောက်ရှိလာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၉ ဒေါင်းမင်းတပ်ခွဲက တပ်ဖွဲ့ဝင် ၃၀ ဦးကို ငွေကျပ် ၁ သိန်းစီထောက်ပံ့ပေးခဲ့ကာ ကြိုဆိုပွဲမှာ နေ့လယ်စာကျွေးမွေးခဲ့တယ်လို့ ဆိုပါတယ်။

” ဂုဏ်ပြုပွဲလုပ်ပေးတာနှစ်ကြိမ်ရှိပြီ။ ရဲဘော်တွေကို အားဖြစ်စေချင်လို့ လုပ်ပေးခဲ့တာဖြစ်တယ်။ ခုပြုလုပ်ပေးတာရောဆို နှစ်ကြိမ်ရှိပြီ” လို့ ယင်းမာပင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ကြိုဆိုပွဲကို ဇူလိုင် ၂၄ ရက်က ယင်းမာပင်မြို့နယ်တနေရာမှာပြုလုပ်ခဲ့တာဖြစ်ပြီး ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်သံမဏိ၊ ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ယင်းမာပင်မြို့နယ်သပိတ်အင်အားစုတွေနဲ့ အခြားသောတော်လှန်ရေးအင်အားစုတွေကတက်ရောက်ခဲ့ကြပြီး စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကြောင့် အကျဥ်းချုံးကျင်းပခဲ့တယ်လို့သိရပါတယ်။

ပင်လည်ဘူးမြို့ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ၂ လနီးပါးကြာတိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၄ ၊ အောက်တိုဘာ ၈ ရက်မှာ မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိအထိ ၁ နှစ်နီးပါးအကြာ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။