ကလေး၊ မေ၂၅၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက စစ်ဘေးရှောင်စခန်း ၁ ခုကို Lighthouse – စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့က ယင်လုံအိမ်သာတွေဆောက်လုပ်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ရှောင်စခန်းမှာအသုံးပြုဖို့ ယင်လုံအိမ်သာတွေကို အလှူရှင်တွေရဲ့အကူအညီနဲ့ မေလအစပိုင်းကစတင်ကာဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပြီး ဒီနေ့အထိ အိမ်သာ ၅ လုံးဆောက်လုပ်လှူဒါန်းပြီးစီးခဲ့ပြီလို့ Lighthouse – စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ ဝာာဝန်ခံ ကိုသူရိန်က ပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းက စစ်ရှောင်စခန်းတွေမှာ ယင်လုံအိမ်သာမရှိတာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေဖြစ်ပွားနေတဲ့အတွက် အခုလိုအိမ်သာလှူဒါန်းခဲ့တာလို့ ကိုသူရိန်ကပြောပါတယ်။
ဒါ့အပြင် စစ်ရှောင်လူဦးရေများပြားပြီး ယင်လုံအိမ်သာ လုံလောက်လောက်မှုမရှိသေးတဲ့အတွက် Lighthouse – စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့အနေနဲ့ယင်လုံအိမ်သာ ၄ လုံးကို ဆက်လက်ဆောက်လုပ်လှူဒါန်းပေးသွားမယ်လို့လည်း ဆိုပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ဘေးရှောင် ၁ သောင်းကျော်ခန့်ရှိပြီး အဲဒီအထဲက စစ်ဘေးရှောင်တချို့ဟာ စစ်ကောင်စီတပ်က ကျေးရွာတွေကိုစစ်ကြောင်းထိုးတာတွေကြောင့် ၂၀၂၁ ခုနှစ်ထဲက ထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။
သတင်း – မင်းခန့်၊ တည်းဖြတ် – HP