မြိုင်၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဘုန်းကြီးကန်ရွာကို စစ်ကော်မရှင်ဘက်က ဂျိုင်ရိုကော်ပတာပေါ်ကနေ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။
မြိုင်၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဘုန်းကြီးကန်ရွာကို စစ်ကော်မရှင်ဘက်က ဂျိုင်ရိုကော်ပတာပေါ်ကနေ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၁ ရက် နေ့လယ် ၂ နာရီ ၂၀ မိနစ်လောက်မှာ ဘုန်းကြီးကန်ရွာကို ဂျိုင်ရိုကော်ပတာ ၂ ပေါ်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၀ အရွယ်အမျိုးသမီး ၁ ဦးသေဆုံးပြီး အသက် ၇၀ အရွယ် အဘိုး၊ အဘွား ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“အဲ့ဒီရွာမှာက တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘူး၊ ဂျိုက်ရိုကော်ပတာ ၂ စီးနဲ့ ပစ်သွားတာ၊ ၁၂၀ မမနဲ့ ၂ လုံး ပစ်သွားတာ၊ နေအိမ် ၃ လုံး ပျက်စီးတယ်၊ နွား ၁ ကောင်သေတယ်၊ အမျိုးသမီး ၁ ဦးသေတယ်။ အဘိုး၊ အဘွား ၂ ဦးဒဏ်ရာရတယ်။ ဒေသခံတွေကတော့ ရွာထဲမှာ အိပ်ကြမယ်မထင်ဘူး၊ တောထဲမှာ အိပ်ကြလောက်တယ်။” လို့ မြိုင်မြို့ခံတဦးက ပြောပါတယ်။


ဘုန်းကြီးကန်ရွာဟာ အိမ်ခြေ ၆၀၀ နဲ့ လူဦးရေ ၁,၀၀၀ ကျော်ရှိတဲ့ကျေးရွာတရွာဖြစ်ပြီး ခုလို လေကြောင်းကနေ တိုက်ခိုက်ခံရတာကြောင့် ဒေသခံတွေလည်းကြောက်လန့်ပြီး တောထဲကိုထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကလည်း မြိုင်မြို့နယ်၊ ကန်ကြီးကုန်းရွာကို မကွေးလေတပ်ဘက်ကလာတဲ့ ဂျက်ဖိုက်တာပေါ်ကနေ ၂ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။
စာတည်း – လင်း
မြေလတ်အသံ၊ နိုဝင်ဘာ၂၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ကျေးရွာ ၂ ရွာကြားကို စစ်ကော်မရှင်တပ်က ဂျိုင်ရိုကော်ပတာ (Gyrocopter) နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ ဘက်ကတက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးက ရတုံရွာနဲ့ ဘူးတောင်းကန်ရွာအကြားရှိ တဲဆောင် ၁ ခုကို နိုဝင်ဘာ ၂၂ ရက်မနက် ၁၀ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ သေဆုံးခဲ့ကြတာလို့ဆိုပါတယ်။
“ရတုံရွာနဲ့ ဘူးတောင်ကန်ရွာကြားက တောတဲ။ တောတဲဆိုတာ လယ်စောင့်တဲပုံစံပေါ့။ တောထဲက ယာခင်းစောင့်တဲဆိုတော့ စိုက်ပျိုးရေးလုပ်ပြီး ခဏနားချိန်ပါကြဲခံရတာ။ ဒဏ်ရာရသူမရှိ။ ပျက်စီးမှုကတော့ တဲ ၁ လုံး။ ဂျိုင်ရိုကော်ပတာ ၃ စီနဲ့ကြဲတယ်။ မကြဲခင် နမခက ၁၂၀ ၃ လုံးပစ်တယ်”လို့ မုံရွာဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ဗုံးစထိမှန်တာကြောင့် သေဆုံးခဲ့သူတွေဟာ ဘူးတောင်းကန်ရွာခံတွေဖြစ်တဲ့ ၈ နှစ်အရွယ် မအိရွှေရည်ဖြိုး၊ ၅ နှစ်အရွယ် မောင်ဟိန်းထက်နဲ့ ၃၀ နှစ်အရွယ် ကိုအောင်စိုးထွေးတို့ဖြစ်ပြီး ၎င်းတို့ ၃ ဦးဟာ တူဝရီးတော်စပ်ကြတယ်လို့ ဆိုပါတယ်။
အဆိုပါမိသားစု ၃ ဦးဟာ ဘူးတောင်းကန်ကျေးရွာကို စစ်ကော်မရှင်တပ်ကမီးရှို့ဖျက်ဆီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီကစလို့ ကျေးရွာကတိမ်းရှောင်ကာ ကျေးရွာ၂ ရွာကြားရှိတောထဲမှာ စိုက်ပျိုးရေး လုပ်ကိုင်ရင်း နေထိုင်ကြတာလို့လည်း အထက်ပါအမျိုးသားပြောပါတယ်။

သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို ဘူးတောင်းကန်ကျေးရွာသားတွေက နိုဝင်ဘာ ၂၂ ရက်နေ့လယ် ၃ နာရီကျော်မှာ မီးသင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ ၆ ရက်ည (သီတင်းကျွတ်လပြည့်ည) ကလည်း မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ်ရှိ ဗုံတိုရွာမှာ ဆီမီးသပိတ်ပြုလုပ်နေချိန် စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂၀ ဦးကျော်သေဆုံးခဲ့ပြီး ၄၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရသည်။
စာတည်း – လင်း