မြေလတ်အသံ၊ အောက်တိုဘာ ၄၊ ၂၀၂၅။
အောက်တိုဘာ ၄ ရက် ဒီနေ့ မနက်ပိုင်းမှာ ယှဉ်ပြိုင်နေတဲ့ One Fight Night 36 မှာ မြန်မာ့စပါးအုံး အောင်လအန်ဆန်းက ဆွီဒင်ဖိုက်တာ ကာဒက်စတမ်ကို အနိုင်ထိုးသတ်ခဲ့ပြီး ကစားသမားဘဝကနေ အနားယူခဲ့ပြီပဲ ဖြစ်ပါတယ်။
အောင်လအန်ဆန်းနဲ့ကာဒက်စတမ်ရဲ့ Middle Weight MMA ပွဲစဉ် ဒုတိယအချီ ၂ မိနစ် စက္ကန့် ၂၀ မှာ အောင်လအန်ဆန်းက အလဲထိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဆယ်စုနှစ် ၁ ခုတိုင်အောင် ဝမ်းစင်မြင့်ထက်မှာ နိုင်ပွဲတွေရယူခဲ့ပြီး ဝိတ်တန်း ၂ ခုရဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ အောင်လ ကတော့ သူ့ရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲမှာ နိုင်ပွဲနဲ့အတူ အပိုဆုကြေး ဒေါ်လာ ၅၀,၀၀၀ ပါ ရရှိခဲ့ပါသေးတယ်။
