myaelatt athan

Sharing Information to the Local

ချန်ပီယံဖြစ်ဖို့ရေပန်းစားနေတဲ့ ဘာစီလိုနာကို အချိန်ပိုသွင်းဂိုးနဲ့အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့တဲ့ အင်တာမီလန် (အားကစားသတင်း)

0 7
0 7

မြေလတ်အသံ၊ မေ ၇၊ ၂၀၂၅။

ယနေ့ မေ ၇ ရက် မနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ အင်တာမီလန်နဲ့ ဘာစီလိုနာတို့ရဲ့ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲဒုတိယအကျော့မှာ အင်တာမီလန်က ၄ – ၃ ရလဒ်နဲ့ ချန်ပီယံလိဂ်ဖလားချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ ဘာစီလိုနာကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ပထမအကျော့ ဘာစီလိုနာ အိမ်ကွင်းမှာ တဖက် ၃ ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် ဒုတိယအကျော့ အင်တာမီလန်အိမ်ကွင်းယှဉ်ပြိုင်မှု မိနစ် ၉၀ အတွင်း တဖက် ၃ ဂိုးစီနဲ့ထပ်မံသရေရလဒ်ထွက်ပေါ်ခဲ့လို့ အချိန်ပိုကန်ရာမှာ အင်တာမီလန်က ၁ ဂိုးထပ်မံသွင်းယူနိုင်ခဲ့လို့ ၄- ၃ ရလဒ်နဲ့ အင်တာမီလန်အသင်း အနိုင်ရရှိခဲ့ကာ နှစ်ကျော့ပေါင်းရလဒ် ၇ – ၆ နဲ့ နည်းပြ အင်ဇာဂီရဲ့ အင်တာမီလန်အသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာပါ။

အင်တာမီလန်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီနဲ့ အာဆင်နယ်အသင်းက ဗိုလ်လုပွဲတက်လာမယ့်အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

အဆိုပါ ၂ သင်းဟာ အကြိုဗိုလ်လုပွဲ ပထမအကျော့ အာဆင်နယ်အိမ်ကွင်းတွေ့ဆုံမှုအတွင်း ၀ – ၁ ရလဒ်နဲ့ ပီအက်စ်ဂျီက အနိုင်ရရှိခဲ့ကာ မနက်ဖြန် မေ ၈ ရက် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ အကြိုဗိုလ်လုပွဲ ဒုတိယအကျော့အဖြစ် ပီအက်စ်ဂျီအိမ်ကွင်းမှာ ထပ်မံယှဉ်ပြိုင်ရမှာပါ။

ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပွဲစဉ်ကိုတော့ ဇွန်လ ၁ ရက် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲအချိန် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ရှိ ဘိုင်ယန်မြူးနစ်အသင်းအိမ်ကွင်း အလိုင်းယန့်အရီနာမှာ ကျင်းပသွားမှာလို့ သိရပါတယ်။

Photo – Sportskeeda Football.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။