myaelatt athan

Sharing Information to the Local

ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား လီဗာပူးလ်ဆွတ်ခူး (အားကစားသတင်း)

0
0

မြေလတ်အသံ၊ ဧပြီ ၂၈၊ ၂၀၂၅။

ယနေ့ည ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ မှာ စပါးအသင်းကို ဂိုးပြတ်အနိုင်ရလဒ်နဲ့အတူ ၂၀၂၄-၂၀၂၅ ရာသီ အင်္ဂလိပ်ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို လီဗာပူးအသင်းက ရယူသွားနိုင်ခဲ့ပါပြီ။

အိမ်ကွင်း အန်ဖီးလ်မှာ စပါးကို ၅-၁ ဂိုးရလဒ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီးတဲ့နောက် လီဗာပူးလ်အသင်း စုစုပေါင်းရမှတ် ၈၂ မှတ်ရရှိခဲ့ပြီး အဆင့် ၂ နေရာက အာဆင်နယ်အသင်းက စုစုပေါင်းရမှတ် ၆၇ မှတ်သာရရှိထားတဲ့အတွက် အမှတ်ပေးဇယား အဆင့် ၁ နေရာက လီဗာပူးလ်အသင်းကို လိုက်မမီတော့လို့ ရာသီကုန်ဖို့လက်ကျန် ၄ ပွဲအလိုမှာပဲ လီဗာပူးလ်အသင်းက ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။

အခုရရှိတဲ့ ချန်ပီယံဆုဖလားဟာ ပြည်တွင်းအမှတ်ပေးချန်ပီယံ အကြိမ် ၂၀ မြောက် ရရှိခဲ့တာဖြစ်လို့ အင်္ဂလိပ်ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ပြည်တွင်းအမှတ်ပေးချန်ပီယံ အကြိမ် ၂၀ စံချိန်ကို လိုက်မီသွားခဲ့ပါပြီ။

ဒီရာသီ ပွဲစဉ် ၃၄ အပြီး နိုင်ပွဲ ၂၅ ပွဲ၊ သရေ ၇ ပွဲရရှိခဲ့ပြီး ၂ ပွဲသာ ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ နည်းပြသစ် အာနဲစလော့ရဲ့ ပထမဆုံးရာသီမှာတင် ချန်ပီယံဆုဖလား ကိုင်မြှောက်နိုင်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၅ နှစ် ၂၀၁၉ – ၂၀၂၀ ရာသီမှာလည်း လီဗာပူးလ်အသင်း ချန်ပီယံဆုဖလားရရှိခဲ့သေးပေမယ့် ကိုဗစ်ကာလအတွင်းဖြစ်တာကြောင့် ပရိသတ်မပါဘဲ အောင်ပွဲခံခဲ့ရပြီး အခုနှစ်မှာတော့ အန်ဖီးလ်ကွင်းမှာ ပရိသတ်အပြည့်နဲ့ လီဗာပူးလ်အသင်း အောင်ပွဲခံနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo – Liverpool FC.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။