လီဗာပူးလ်နဲ့ နော်တင်ဟမ်ရဲ့ သရေရလဒ်အပေါ် အခွင့်အရေးယူနိုင်ခဲ့တဲ့ အာဆင်နယ် (အားကစားသတင်း)

0 4
0 4

မြေလတ်အသံ၊ ဇန်နဝါရီ ၁၆၊ ၂၀၂၅။

ဇန်နဝါရီ ၁၆ ရက် ဒီနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်နဲ့စပါးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ်အသင်းက စပါးအသင်းကို ၂-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

EFL Cup နဲ့ FA Cup ကနေ ထွက်ခဲ့ရပြီးနောက် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတဲ့ အာဆင်နယ်အသင်းက ဒီနေ့ပွဲစဉ်မှာတော့ အကောင်းဆုံးပြင်ဆင်လာခဲ့ပြီး ဒါဘီပြိုင်ဘက် စပါးအသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ အနိုင်ကစားနိုင်ခဲ့တာပါ။

ဒီပွဲစဉ်မှာ ဆွန်ဟောင်မင်က စပါးအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၅ မိနစ်မှာ မြေမကျအဝေးကန်ချက်နဲ့ ကန်သွင်းခဲ့ပေမယ့် ပွဲချိန်မိနစ် ၄၀ မှာတော့ ထောင့်ကန်ဘောကနေတဆင့် အာဆင်နယ် နောက်ခံလူ ဂါဘရီရယ် ရဲ့ ခေါင်းတိုက်ချက်က စပါးတိုက်စစ်မှူး ဆိုလန်ကီ ကိုထိပြီး လမ်းကြောင်းပြောင်းကာ အာဆင်နယ်အသင်း ချေပဂိုးရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲချိန် ၄၄ မိနစ်မှာ ဦးဆောင်ဂိုးကို ထရောဆက်ကနေ အဝေးကန်ချက်နဲ့ ကန်သွင်းခဲ့ကာ ၂-၁ ရလဒ်နဲ့ပဲ ​ပွဲပြီးဆုံးခဲ့ပြီး အိမ်ရှင်အာဆင်နယ်တို့ နိုင်ပွဲရရှိခဲ့တာပါ။

ဒီပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် စပါးအသင်းက ပရီးမီးယားလိဂ် ၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့နေပြီး အမှတ်ပေးဇယား အဆင့် ၁၃ နေရာအထိ ရောက်ရှိနေပြီဖြစ်ပါတယ်။

ဇန်နဝါရီ ၁၅ ရက်က ကစားခဲ့တဲ့ပွဲတွေမှာ လီဗာပူးလ်၊ ချဲလ်ဆီးနဲ့ မန်စီးတီး သရေရလဒ် ထွက်ပေါ်လာချိန် အာဆင်နယ်အသင်းက နိုင်ပွဲရှာဖွေနိုင်ခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းက အဆင့် ၁ က လီဗာပူးလ်အသင်းက် ၁ ပွဲအသာနဲ့ ရမှတ် ၄ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။