myaelatt athan

Sharing Information to the Local

ချန်ပီယံလိဂ်မှာ ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့ ဘိုင်ယန် (အားကစားသတင်း)

0
0

မြေလတ်အသံ၊ စက်တင်ဘာ ၁၈၊ ၂၀၂၄။

ပုံစံသစ်နဲ့စတင်ယှဉ်ပြိုင်လာတဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာပဲ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒိုင်နမိုဇာဂရက်အသင်းကို ဂိုးပြတ်နိုင်ပွဲနဲ့ စတင်ခဲ့ပါတယ်။

ယနေ့ မနက်အစောပိုင်း မနက် ၁ နာရီ ၃၀ မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဘိုင်ယန်နဲ့ ဒိုင်နမိုဇာဂရက်ဇ်ပွဲစဉ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ပင်နယ်တီ ဟက်ထရစ်အပါအဝင် သွင်းဂိုး ၄ ဂိုးနဲ့အတူ ဘိုင်ယန်မြူးနစ်က ၉ ဂိုး ၂ ဂိုးရလဒ်နဲ့ အိမ်ကွင်းဂိုးပြတ်နိုင်ပွဲတခုကို ဖော်ဆောင်နိုင်ခဲ့တာပါ။

မန်စီးတီးခံစစ်မှူးဟောင်း ဗင်းဆင့် ကွန်ပနီ ကို နည်းပြအဖြစ် ခန့်အပ်ခဲ့စဉ်မှာ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပေမယ့် နည်းပြသစ်ကွန်ပနီကတော့ လိဂ်ပွဲစဉ် ၃ ပွဲနဲ့ ယခု ဥရောပ ချန်ပီယံလိဂ်ပွဲစဉ်ကိုပါ နိုင်ပွဲဖော်ဆောင်ထားနိုင်ခဲ့ပြီး ဂျာမန်ဘီလူးတို့ရဲ့ စွမ်းဆောင်ရည်ကောင်းကို ပြသထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ယမန်နေ့ညနဲ့ ယနေ့ မနက်အစောပိုင်းယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အေစီမီလန်ကို လီဗာပူးလ်က အဝေးကွင်းနိုင်ပွဲရရှိခဲ့သလို ဂျူဗင်တပ်၊ အက်စတွန်ဗီလာ၊ ရီရဲလ်မက်ဒရစ်နဲ့ စပို့တင်းစီပီ အသင်းတို့ အနိုင်ရရှိခဲ့ကြပါတယ်။

Photo – FC Bayern München.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။