အာဂျင်တီးနားပြိုင်ဘက်နဲ့ ထိုးသတ်သွားမယ့် ဘရော်နီကာ (အားကစားသတင်း)

0 2
0 2

မြေလတ်အသံ၊ သြဂုတ် ၄၊ ၂၀၂၄။

Thai Fight မွေထိုင်းပြိုင်ပွဲတွေမှာ ဝင်ရောက်ထိုးသတ်နေတဲ့ ဘရော်နီကာကတော့ ဩဂုတ် ၄ ရက် ယနေ့ညနေမှာ အာဂျင်တီးနားသူ ဖလော်ရန်စီယာနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားတော့မှာပါ။ 

ဘရော်နီကာနဲ့ထိုးသတ်မယ့် အာဂျင်တီးနားသူ ဖလော်ရန်စီယာကတော့ ကစ်ဘောက်ဆင်နဲ့ မွေထိုင်းပွဲတွေများစွာ ထိုးသတ်ထားတာကြောင့် လက်ဝှေ့အိတ်အပြောင်းအလဲနဲ့ အသားကျနေတဲ့သူတယောက်ဖြစ်ပြီး ချန်ပီယံဆုတွေရရှိဖူးကာ ဘရော်နီကာထက် အရပ်နဲ့ လက်တံထိရောက်မှု သာလွန်နေပါတယ်။ 

 Thai Fight ပြိုင်ပွဲတွေမှာ ချန်ပီယံနှစ်ကြိမ်ဖြစ်ထားတဲ့ ဘရော်နီကာကတော့ ဖေဖော်ရီလကထိုးသတ်ခဲ့တဲ့ပွဲစဉ်မှာ အမှတ်နဲ့ရှုံးနိမ့်ထားပြီးကတည်းက ပြိုင်ပွဲတွေနဲ့ဝေးနေတာလည်းဖြစ်ပါတယ်။ 

ဘရော်နီကာဟာ Thai Fight ပြိုင်ပွဲ ၁၉ ပွဲမှာ ၁၇ ပွဲအနိုင်ရရှိထားပြီး ၂ ပွဲသာရှုံးနိမ့်ဖူးကာ ပြိုင်ပွဲနဲ့ဝေးကွာနေချိန်မှာလည်း လေ့ကျင့်ရေးမပြတ်ပြုလုပ်နေပြီး ဘောက်ဆင်ပိုင်းမှာပါ အားဖြည့်လေ့ကျင့်နေပါတယ်။ 

ဒါကြောင့်ဒီပြိုင်ပွဲဟာ ဘရော်နီကာရဲ့ထိုးသတ်ပုံအပြောင်းအလဲကို တွေ့ရှိနိုင်မယ့်ပွဲဖြစ်သလို Thai Fight နဲ့စာချုပ်သက်တမ်းကုန်တော့မယ့် ဘရော်နီကာအတွက် ဒီထက်အဆင့်မြင့်တဲ့ပြိုင်ပွဲတွေဆီကိုသွားဖို့ အစွမ်းပြရမယ့်ပွဲလည်း ဖြစ်ပါတယ်။ 

ဘရော်နီကာနဲ့ ဖလော်ရန်စီယာတို့ ပါဝင်ထိုးသတ်သွားမယ့် မွေထိုင်းပြိုင်ပွဲကို ယနေ့ ဩဂုတ် ၄ ရက် မြန်မာစံတော်ချိန် ညနေ ၅း၃၀ မှာကျင်းပသွားမှာဖြစ်ပြီး THAI FIGHT OFFICIAL Youtube Channel မှာ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 

Photo: Thai Fight Facebook.

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။