ယူရို ၂၀၂၄ ဗိုလ်လုပွဲ စပိန်နှင့် အင်္ဂလန် အသင်းတို့ တွေ့ဆုံ (အားကစားသတင်း)

0 0
0 0

မြေလတ်အသံ၊ ဇူလိုင် ၁၁၊ ၂၀၂၄

ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ စပိန်နဲ့ အင်္ဂလန်​အသင်းတို့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

စပိန်အသင်းဟာ အုပ်စုအဆင့်ပွဲစဉ်မှာ ခရိုအေးရှား၊ အီတလီ၊ အယ်လ်ဘေးနီးယား စတဲ့အသင်းတွေကို အနိုင်ယူခဲ့သလို ၁၆ သင်းရှုံးထွက်အဆင့်မှာ ဂျော်ဂျီရာ၊ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင်ဂျာမနီအသင်းကိုအနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ပြင်သစ်အသင်းကိုကျော်ဖြတ်ကာ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်လာခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းကတော့ အုပ်စုအဆင့်ပွဲစဉ်မှာ ဆားဘီးယားကိုအနိုင်ရကာ ဒိန်းမတ်နဲ့ ဆလိုဗေးနီးယားအသင်းတို့ကို သရေရရှိခဲ့ပြီး ၁၆ သင်း ရှုံးထွက်အဆင့်မှာ ဆလိုဗက်ကီးယား၊ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းကို အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နယ်သာလန်အသင်းကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်လာခဲ့တာဖြစ်ပါတယ်။

ယူရို ၂၀၂၄ ဖိုင်နယ်ပွဲစဉ်ကို ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာရှိတဲ့ အိုလံပီယာစတေဒီယံမှာ ဇူလိုင် ၁၄ ရက် ဒေသစံတော်ချိန် ည ၉ နာရီ (မြန်မာစံတော်ချိန် ဇူလိုင် ၁၅ ရက် နံနက် ၁ နာရီ ၃၀ မိနစ်) အချိန်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဓါတ်ပုံ – ESPN

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။