myaelatt athan

Sharing Information to the Local

⁨ပြန်တည်ပွဲမှာ နိုင်ပွဲဆက်ဦးမလား ဗန် (အားကစားသတင်း)

0
0

မြေလတ်အသံ၊ မတ် ၂၇၊ ၂၀၂၅။

UFC မှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေရနေတဲ့ ချင်းလူငယ်ဖိုက်တာ ဗန်ကတော့ နောက်ထပ်ပွဲတပွဲထပ်ရသွားပြီဖြစ်ပြီး ဒီတခါ ဗန်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့်ဖိုက်တာကတော့ ပြီးခဲ့တဲ့ UFC 313 မှာ ပွဲတည်ခဲ့ပြီး ပြိုင်ပွဲနီးမှ ဒဏ်ရာကြောင့် နုတ်ထွက်သွားခဲ့တဲ့ ဘရာဇီးဖိုက်တာ ဘရူနိုဆေးလ်ဗားပဲ ဖြစ်ပါတယ်။

ဘရူနိုဆေးလ်ဗားဟာ UFC ရဲ့ဝါရင့်ဖိုက်တာတယောက်ဖြစ်ပြီး အဆင့်သတ်မှတ်ချက် ၁၂ မှာရှိနေပါတယ်။ အသက် ၃၅ နှစ်ဖြစ်ပြီး ၂၀၂၄ ဒီဇင်ဘာမှာ မာနယ်ကိပ်ကို အလဲထိုးနဲ့ရှုံးခဲ့တဲ့ပွဲမတိုင်ခင် ၄ ပွဲဆက်အနိုင်ရထားသူတယောက်ဖြစ်ကာ ထိုးသတ်ပုံလည်း စုံလင်ပါတယ်။ ဗန်နဲ့ အသက်အရွယ်ကွာဟတာ ပွဲဝေးနေတာတွေရှိနေပေမယ့် UFC အဆင့်သတ်မှတ်ချက်ဝင် ထိပ်တန်းဖိုက်တာအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

ဗန်ကတော့ နောက်ဆုံးပွဲမှာ ဘရူနိုဆေးလ်ဗားနဲ့ထိုးသတ်ဖို့ ပွဲတည်ထားပေမယ့် ဘရူနိုဆေးလ်ဗားနုတ်ထွက်သွားတာကြောင့် လူစားဝင်ဂျပန်ဖိုက်တာ ရေးစူရူယာနဲ့ ထိုးသတ်ခဲ့ရပြီး ဂျပန်ဖိုက်တာရဲ့ ရှုံးပွဲမရှိမှတ်တမ်းကို ရပ်တန့်သွားအောင် ဘဲဥခွဲပြထားပါတယ်။

ဗန်ဟာ စူရူယာကိုအနိုင်ရတဲ့ပွဲမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပြီး အဲ့ဒီပွဲအနိုင်ကြောင့် UFC အဆင့်သတ်မှတ်ချက်ထဲပြန်လည်ဝင်ရောက်လာသလို သူ့ရဲ့ ပြိုင်ဘက်ကို တမိနစ်အတွင်း ထိထိမိမိထိုးနှက်နိုင်တဲ့ စံချိန်ကိုလည်း အမြင့်ဆုံးနေရာမှာ ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။

ဒီပွဲဟာ ဗန်နဲ့ဆေးလ်ဗားအတွက် ဒုတိယမြောက်ပြန်တည်ပွဲဖြစ်ကာ ဇွန် ၇ ရက်မှာကျင်းပမယ့် UFC 316 ပြိုင်ပွဲမှာ ပါဝင်လာမှာဖြစ်ပြီး ဗန်တယောက် နိုင်ပွဲဆက်နိုင်ဦးမလား စောင့်ကြည့်ရပါမယ်။

Photo – Home Of Fight

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။