myaelatt athan

Sharing Information to the Local

တပ်ရင်းတပ်ဖွဲ့နဲ့ Local PDF တွေအတွက် နိုင်ငံရေးအသိပညာပေး သင်တန်းတွေပို့ချ

0 3
0 3

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်းထဲက ဒေသခံကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ Local PDF တွေအတွက် မန္တလေးနဲ့ မုံရွာတော်လှန်ရေးအင်အားစုတွေက ဦးဆောင်ပြီး နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေ၊ သင်တန်းတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သင်တန်းတွေလုပ်လာတာ၂၀၂၂ ခုနှစ်ထဲကဖြစ်ပြီး COC ၂ ရပ်ဖြစ်တဲ့ Chain of Command နဲ့ Code of Conduct တို့ကို အဓိကထား ပို့ချကာ၊ ဖယ်ဒရယ်ဆိုင်ရာ အခြေခံအသိ၊ မှန်ကန်တဲ့ သတင်းအချက်အလက်ပေးမှု၊ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ၊ Team work စတာတွေကိုလည်း ပို့ချခဲ့တယ်လို့ ဆိုပါတယ်။

“အဓိက လက်ရှိမှာ ကာကွယ်ရေးအဖွဲ့တွေက စစ်ရေးအရသွားတဲ့အခါမှာ သတ်ပုံကျကျနဲ့ စစ်ရေးအထိန်းကွပ်လည်း ရှိစေချင်တယ်။ စစ်သည်တော် ကျင့်ဝတ်နဲ့အညီလည်း ဖြစ်စေချင်တဲ့အတွက် COC ၂ ရပ်ကို အဓိကထား ပို့ချပါတယ်” လို့ သင်တန်းပို့ချပေးခဲ့တဲ့ တာဝန်ခံ အမျိုးသမီးတဦးက ပြောပါတယ်။

အခုဆိုရင် မြင်းခြံခရိုင်တပ်ရင်းတွေနဲ့ စစ်ကိုင်းတိုင်းထဲက မုံရွာ၊ ချောင်းဦး၊ မြောင်၊ ဆားလင်းကြီး၊ ရေစကြိုစတဲ့ မြို့နယ်တွေအပါအဝင် မြို့နယ်တော်တော်များများမှာ သင်တန်းတွေ လုပ်ပေးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

“အတွေးခေါ် လက်နက်တပ်ပေးတာ ကျေးဇူးတင်တယ်။ ကြိုလည်း ကြိုဆိုတယ်။ ဖက်ဒရယ်ဆိုတာ ဘာလဲ၊ ဒီမိုကရေစီဆိုတာဘာလဲ ဆိုတာ စနစ်တကျ မသိဘဲသွားရင် ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်းမသိ ဖြစ်တော့မှာလေ။ အဲ့တာတွေနဲ့ပတ်သက်ပြီး ပြောပြသွားတယ်။ အမိန့်နာခံမှုနဲ့ စစ်သည်တော်ကျင့်ဝတ်ကို လိုက်နာဖို့တွေလည်း စနစ်တကျပြောသွားတယ်။” လို့ သင်တန်းတက်ရောက်ခဲ့သူတဦးက ပြောပါတယ်။

မြေပြင်အဖွဲ့အစည်းတွေက အစစအရာရာ ကူညီကြတဲ့အတွက် သင်တန်းကျင်းပရာမှာ ခက်ခဲမှုမရှိပေမယ့် နေရာတခုမှာ အချိန် ၂ နာရီအတွင်း ဆွေးနွေးပို့ချရတာဖြစ်တဲ့အတွက် အသေးစိတ် တင်ပြနိုင်ခြင်းမရှိဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် ပုံမှန်အချိန်ပေးပြောပြပေးမယ့် အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့လည်း မျှော်လင့်သလို အခုလို နိုင်ငံရေးအသိနဲ့ စစ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေ၊ သင်တန်းတွေကို စစ်ကိုင်းတိုင်းအပြင် တခြားဒေသတွေမှာလည်း ပြုလုပ်ပေးသွားဖို့ ရှိတယ်လို့ သင်တန်းပို့ချပေးခဲ့တဲ့ တာဝန်ခံ အမျိုးသမီးတဦးက ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။