myaelatt athan

Sharing Information to the Local

လောင်းကစားဝိုင်းမလုပ်ဖို့ သတိပေးတဲ့ ကာကွယ်ရေးရဲဘော်တွေကို တိုက်ခိုက်ဖို့ရွယ်တဲ့ပျူစောထီး ပစ်ခတ်ခံရ

0 3
0 3

ပဲခူး၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ချမ်းသာကုန်းကျေးရွာနဲ့ ညောင်လေးပင်ရွာကြားက သုဿန်မှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ဆက်မလုပ်ဖို့ အသံမိုင်းခွဲသတိပေးတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေကို စကေဘာနဲ့ထိုးဖို့လာတဲ့ ပျူစောထီးဆိုသူ သေနတ်နဲ့ပစ်ခံရပြီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်မနေ့ည ၉ နာရီခွဲလောက်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ ပစ်ခတ်ခံရလို့ မြို့နယ်ပျူစောထီးအဖွဲ့ဝင်လည်းဖြစ် အထက်ပါလောင်းကစားဝိုင်းတွေရဲ့ ဒိုင်ချုပ်ဖြစ်သူ ကိုဘိုကျောက် အသက် ၄၆ နှစ်ခန့်မှာ ဦးခေါင်းသေနတ်ရှပ်မှန်ဒဏ်ရာရသွားတယ်လို့ သာယာဝတီခရိုင် ဂဠုန်တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

“တယောက်ကိုဝိုင်းဖမ်းလို့ လုံးထွေးနေချိန် လုံးထွေးနေတဲ့ ရဲဘော်ကို ပျူစောထီးဘိုကျောက်က စကေဘာနဲ့ ထိုးဖို့ပြေးလာတာကို အပြင်ကနေ အခြေနေကြည့်နေတဲ့ နောက်ရဲဘော်တယောက်က ပစ်လိုက်တာ” လို့ ပြောပါတယ်။

သူဟာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းကာ လောင်းကစားဝိုင်းတွေကို အကြီးအကျယ်လုပ်နေလို့ သတိပေးတဲ့အနေနဲ့ အဖွဲ့ဝင်တွေက အသံမိုင်းဖောက်ခွဲဖို့အတွက် သွားခဲ့တာလို့လည်း ဂဠုန်တပ်ဖွဲ့တာဝန်ခံက ဆက်ပြောပါတယ်။

“လောင်းကစားဝိုင်းတွေကြောင့် ကျေးရွာဘက်က လူတွေ တော်တော် ဒုက္ခရောက်နေကြတယ်။ ဒါကို ဆက်မလုပ်ဖို့သတိပေးတဲ့အနေနဲ့ အသံမိုင်းသွားခွဲတာ။ အဲ့ဒါကို လောင်းကစားဒိုင်လုပ်နေတဲ့ ပျူစောထီးအဖွဲ့ဝင်နဲ့ သူတပည့်တွေက မိုင်းခွဲတဲ့အဖွဲ့ဝင်ကို ဝင်လုံးပြီး စကေဘာနဲ့ထိုးတာ။ အဲဒါကြောင့် သူတို့ကိုပါ ပစ်ခတ်ခဲ့ရတယ်” လို့ ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက် ကိုဘိုကျောက်ကိုတော့ စစ်ကောင်စီအဖွဲ့တွေက သာယာဝတီဆေးရုံကို သယ်ဆောင်သွားတယ်လို့ သိရပြီး၊ PDF အဖွဲ့ဝင်တွေကတော့ ခန္ဓာကိုယ်ပွန်းပဲ ဒဏ်ရာသာရပြီး လုံခြုံတဲ့နေရာကို ပြန်ရောက်သွားပြီလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင်ဂဠုန်တပ်ဖွဲ့နဲ့ မင်းလှပြည်သူ့ကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်ကလည်း မင်းလှမြို့နယ်၊ ပဲခူးရိုးမအနီးမှာ သစ်ခိုးထုတ်နေတဲ့ စစ်ကောင်စီသတင်းပေးဆိုသူ ရာအိမ်မှူး ကိုစိုးနိုင်ကို သာယာဝတီခရိုင် ဂဠုန်တပ်ဖွဲ့နဲ့ မင်းလှမြို့နယ် ပကဖတို့က ပူးပေါင်းရှင်းလင်းခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။