အိုးဘိုထောင်မှာ အကျဉ်းသားတွေကို မှတ်ပုံတင်နံပါတ်တောင်းလက်မှတ်ထိုးခိုင်း

0 34
0 34

ရွေးကောက်ပွဲအတွက် ကြိုတင်မဲလုပ်မှာကို စိုးရိမ်နေ

မြတ်

မန္တလေး၊ ဇူလိုင် ၉၊ ၂၀၂၅။

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းသားတွေရဲ့ မှတ်ပုံတင်နံပါတ်တွေကိုအတည်ပြုကောက်ခံပြီး လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

ဇွန်လနောက်ဆုံးပတ်အတွင်းကစပြီး အကျဥ်းသားတွေအားလုံးကို ဘာကိစ္စဆိုတာမပြောဘဲ လက်မှတ်ထိုးခိုင်းခဲ့တာဖြစ်ပြီး ခုလိုလုပ်တာဟာ ရွေးကောက်ပွဲအတွက် ကြိုတင်မဲလုပ်လိုက်မှာကို စိုးရိမ်မှုတွေလည်း ရှိနေကြတယ်လို့ ဆိုပါတယ်။

“ဘာလုပ်ဖို့ကောက်ခိုင်းတာလဲဆိုတာ မပြောဘူးတဲ့။ အကုန်လက်မှတ်ထိုးခိုင်းတယ်။ အကုန်လုံးက စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေလုပ်ပစ်မှာကို စိုးရိမ်နေကြတယ်”လို့ နိုင်ငံ ရေးအကျဉ်းသူရဲ့မိသားစုဝင်တဦးက ပြောပါတယ်။

အိုးဘိုထောင်တွင်းရှိ အမျိုးသားအကျဉ်းထောင်ဘက်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ မှတ်ပုံတင်နံပါတ်၊ ဖခင်အမည်၊ အသက်၊ အရပ်နဲ့ ရောဂါရှိမရှိကိုပါစစ်ဆေးထားခဲ့တာရှိခဲ့ပြီး အခုနှစ် ဇွန်လမှာ ထပ်မံ မှတ်ပုံတင်နံပါတ်တွေအတည်ပြုပြီး လက်မှတ်ထိုးခိုင်းခဲ့တာလို့ သိရပါတယ်။

“အရင်ကစစ်မှုထမ်းအတွက် အရပ်တွေပါတိုင်းတယ်ထင်တာပဲ။ ညှိပြီးလွတ်သွားတဲ့သူတွေရှိတယ်လဲသတင်းကြားတယ်။ အခုကဘာမှမေးမရဘဲ လက်မှတ်ထိုးခိုင်းတာလို့ ပြောတယ်”လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတဦးကပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲကို လာမယ့် ၂၀၂၅၊ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလ တို့မှာ မဖြစ်မနေပြုလုပ်သွားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လထဲမှာ ပြောကြားခဲ့ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။