myaelatt athan

Sharing Information to the Local

မင်းလှမြို့နယ်ကအမျိုးသမီး ၅ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးထား

မြေလတ်အသံ၊ ဇူလိုင် ၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်ကို နှစ်ပတ်အကြာ စစ်‌ကြောင်းထိုးနေတဲ့ စစ်တပ်က ဇရစ်မျှောင်ရွာခံ အမျိုးသမီး ၅ ဦးကို ဖမ်းဆီးထားတယ်လို့ မင်းလှမြို့နယ်ပကဖထံက သိရပါတယ်။

ဇူလိုင် ၂ ရက်‌နေ့ မနက် ၁၁ နာရီကျော်မှာ ဇရစ်မျှောင်ရွာက နေအိမ်တွေကို စစ်တပ်ကဝင်ရောက် မီးဝင်ရှို့ချိန် ရွာထဲကို ပြန်လာတဲ့ မသင်းသင်းဦး၊ မပါပါ၊ မအသေး၊ မမိချိုနဲ့ အမည်မသိရသူအမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“သူတို့(အမျိုးသမီးတွေ)ကရွာကို ပြန်လာတုန်းဖမ်းခံရတာ။ စခတွေရုတ်တရက်ရောက်လာတော့ ပိတ်မိပြီးဖမ်းခံရတာ။ သူတို့ဖုန်းတွေလည်းသိမ်းထားတယ်”လို့ မင်းလှမြို့နယ်ပကဖပြန်ကြားရေးတာဝန်ခံ ရဲ ဘော်မိုးထက်က ပြောပါတယ်။

ဒီအမျိုးသမီး ၅ ဦးကို ဖမ်းဆီးခဲ့တဲ့ စစ်ကြောင်းမှာ အင်အား ၄၀ ကျော်ပါပြီး ၎င်းတို့ကို ဇရစ်မျှောင်ဘုန်းတော်ကြီးကျောင်းမှာ ထိန်းသိမ်းထားကာ ဇူလိုင် ၃ ရက်‌နေ့ ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ သူကဆိုပါတယ်။

ဇွန် ၂၀ ရက်ကစပြီး ဇူလိုင် ၃ ရက် ဒီနေ့အထိ မင်းလှမြို့နယ်ထဲကို စစ်​ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေက ကျွဲမကိုင်း၊ တာကလေး၊ ဘန့်ဘွေးကုန်း၊ ဇရစ်မြောင် စတဲ့ကျေးရွာတွေရှိ ဘုန်းကြီး ကျောင်းတွေမှာ ဝင်ရောက်တပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၁ ရက်‌နေ့ ညနေ ၅ နာရီမှာ ဘန့်ဘွေးကုန်းရွာဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတွေက တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့ ရိုးမပေါ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီမရောက်ခဲ့ဘဲ ကျွဲမကိုင်းရွာက စကစတပ်စခန်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“စကစစခန်းကို လက်နက်ကြီးကျတာ စကစ ၇ ကောင်သေတယ်လို့ သိရတယ်။မနေ့ကညအထိ တာကလေးရွာစခန်းကလည်း ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ထုနေတာ”လို့ ရဲဘော်မိုးထက်က ပြောပါ တယ်။

စစ်တပ်ကဇွန် ၂၀ ရက်ကနေ ဒီနေ့အထိ စစ်အင်အား ၅၀၀ ခန့်နဲ့ စစ်ကြောင်း ၃ ခုခွဲဖြန့်ကာ မင်းလှမြို့နယ်ကို စစ်ကြောင်းထိုးဝင် ရောက်နေပါတယ်။

စစ်‌‌ကြောင်း စတင်ဝင်ရောက်လာပြီး တပတ်အတွင်း တောင်ပြတ်ရွာသစ်၊ ရွေးကုန်း၊ ဦးတိုကျွဲလမ်းစု၊ ဗိုလ်တထောင်၊ ဆားချောင်း၊ ဆင်အိုင်ချောင်းပေါက်၊ ဂန့်ဂေါ်ပင်၊ ငလှစမ်း၊ စမ်းဘုတ်၊ ခွက်မ၊ ကျွဲမကိုင်းစတဲ့ ကျေးရွာတွေကို မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၁၈၅ လုံးပြာကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – မြတ်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။