myaelatt athan

Sharing Information to the Local

မုံရွာ နမခကို ရှော့တိုက်ရော့ကတ်တွေနဲ့ပစ်လို့ အရာရှိ ၃ ဦးအပါသေဆုံးသူများဟုဆို

မုံရွာ၊ ဇွန် ၃၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကို ရှော့တိုက်ရှော့ကတ်တွေနဲ့ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သေဆုံးပြီး အဆောက်အအုံအချို့လည်း ပျက်စီးခဲ့တယ်လို့ Chindwin Rocket Brother- CRB အဖွဲ့ဆီက သိရပါတယ်။

ဇွန် ၂၇ ရက် ညနေ ၅ နာရီခွဲခန့်က ရှော့တိုက်ရှော့ကတ် ၁၀ လုံးနဲ့ ပစ်ခတ်ခဲ့ရာ အရာရှိတွေအပါ သေဆုံးသူများခဲ့တယ်လို့ ဆိုပါတယ်။

“အခုလိုသေဆုံးတဲ့ အချက်အလက်တွေကို CDM ဗိုလ်ကြီးတချို့က အတည်ပြုပေးတာပါဗျ။ ပစ်ခတ်မှုကြာချိန်ကတော့ မိနစ် ၃၀ လောက်ရှိတယ်ဗျ။ နမခထဲကနေ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ပါတယ်။ ကျတော်တို့ရဲဘော်တွေနဲ့ မလှမ်းမကမ်းမှာကို ၃ လုံး ကျပေါက်ကွဲခဲ့သေးတယ်။ အထိအခိုက်တော့ မရှိခဲ့ဘူးဗျ။”လို့ CRB အဖွဲ့ရဲ့ တာဝန်ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း တဆ ၄/၃၀၀ အထူးကြပ်မတ်ဆောင်အပါ စစ်တိုင်းရုံးအတွင်းရှိ အရာရှိ ၃ ဦး၊ စစ်ကောင်စီတပ်ဖွဲ့တင် ၁၄ ဦးနဲ့ အရာရှိမိသားစုဝင်တွေလည်းသေဆုံးခဲ့တယ်လို့ ဆိုထားပေမယ့် ဒီသေဆုံးမှုတွေနဲ့ပတ်သက်ပြီးမြေလတ်အသံကသီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ဆီဂိုဒေါင်၊ စခန်းရုံးနဲ့ ရိက္ခာဂိုဒေါင်၊ အရာရှိရိပ်သာမှာ ရပ်ထားတဲ့ အိမ်စီးကား ၂ စီးတို့ မီးလောင်ပျက်စီးပြီး လိုင်းခန်းနှစ်ခန်းလည်း လက်နက်စထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအပြီးမှာ နမခထဲကနေ ပါရာမိုတာ အင်ဂျင်တပ်လေထီး ၁ စီးတက်လာပြီး အနီးဝန်းကျင်ကို ၂ နာရီကြာ ပျံဝဲခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Chindwin Rocket Brothers-CRB အဖွဲ့က ဦးဆောင်ပြီး မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ချိုမိုင်မိုင်(ကနီ)၊ Anonymous Heroes၊ Chindwin Brothers တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်ကလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နမခကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခဲ့လို့ အရာရှိ ၂ ဦးအပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး နေရာမှာသေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။