myaelatt athan

Sharing Information to the Local

ပဲခူးနဲ့ မန္တလေးတိုင်းမှာ ၄ ရက်အတွင်း ငလျင် ၄ ကြိမ်လှုပ်ခတ်

ငလျင်ကြီးအပြီး နောက်ဆက်တွဲငလျင် ၁၉၄ ကြိမ်မြောက်လှုပ်ခဲ့

မန္တလေး၊ ဇွန် ၂၅၊ ၂၀၂၅။

ပဲခူးတိုင်းနဲ့မန္တလေးတိုင်းအတွင်းမှာ ဇွန် ၂၂ ရက်ကနေ ၂၅ ရက်အထိ ငလျင် ၄ ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဇွန် ၂၅ ရက်နေ့လယ် ၂ နာရီကျော်က ချမ်းမြသာစည်မြို့နယ် အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာမှာ ပြင်းအား ၃.၉ ရစ်(ခ်)တာစကေးရှိ ငလျင်တခုက မြေအောက်အနက် ၁၀ ကီလိုမီတာကနေ လှုပ်ခတ်ခဲ့ တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“သိလိုက်ရုံလေးဘဲ မနေ့ကနဲ့ဟိုတနေ့ကလောက်မပြင်းဘူး။ အချို့လူတွေဆို သိလိုက်မှာတောင် မဟုတ်ဘူး။”လို့ ချမ်းမြသာစည်ဒေသခံ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ဇွန် ၂၄ ရက်မနက် ၁၁ နာရီခန့်မှာလည်း မတ္တရာမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် ၆ မိုင်အကွာမှာ ပြင်းအား ၃.၁ ရစ်(ခ်)တာစကေးရှိ ငလျင်တခုက မြေအောက်အနက် ၁၅ ကီလိုမီတာကနေ လှုပ်ခတ်ခဲ့ပါတယ်။

အလားတူ ဇွန် ၂၃ ရက်မှာ တောင်ငူမြေငလျင်စခန်းမှ အနောက်ဘက် ၇၃ မိုင်ခန့် ကွာဝေးတဲ့ ပြည်မြို့ရဲ့ အရှေ့ဘက် ၉ မိုင်ခန့်အကွာမှာ ပြင်းအား ၃.၈ ရစ်(ခ်)တာစကေးရှိ ငလျင်တခုဟာ မြေအောက်အနက် ၁၇ ကီလိုမီတာကနေလှုပ်ခဲ့ပါတယ်။

ဇွန် ၂၂ ရက်မှာလည်း ပုသိမ်ကြီးမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် (၇) မိုင်ခန့်အကွာ ၃.၈ ရစ်(ခ်) တာစကေးရှိငလျင်တို့ လှုပ်ခတ်ခဲ့ပြီး အဲ့ဒီနေ့မှာပဲ လွိုင်ကော်မြို့အရှေ့ဘက် ၇ မိုင်အကွာမှာ ၃.ဝ ရစ်(ခ်) တာစကေးရှိ ငလျင်၊ သာဝတ္ထိမြို့ရဲ့ အရှေ့ဘက် ၃၁ မိုင်ခန့်အကွာမှာ ၃.၂ ရစ်(ခ်)တာစကေးရှိ ငလျင် တို့လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလထုတ်ပြန်ချက်အရ သိရပါတယ်။

မတ် ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇၆ ရစ်ချက်စတာစကေးရှိ ငလျင်ကြီးလှုပ်ခတ်ပြီး နောက်မှာ ၃ လကျော်ထိ ငလျင်ငယ်တွေဆက်တိုက်လှုပ်ခတ်နေပြီး နောက်ဆက်တွဲငလျင် ၁၉၄ ကြိမ် လုပ်ထားတယ်လို့ ဆိုထားပါတယ်။

ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေး sky villa ဟိုတည်လို အဆောက်အဦအောက်တွေမှာလည်း ဒီနေ့အထိ ရုပ်အလောင်းတွေ ဆက်လက်ရှာဖွေတွေ့ရှိနေသေးတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထုတ် ပြန်ချက်တွေအရ သိရပါတယ်။

စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့အနီးကို အခြေပြုလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် သေဆုံးသူ ၃,၇၄၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅,၁၀၄ ဦးနဲ့ ပျောက်ဆုံးနေသူ ၆၇ ဦးရှိပြီး တွက်ချက်မှုတွေအရ ငွေကျပ် ၃,၆၂၉ ဒသမ ၂၀၈ ဘီလီယံ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဇွန် ၁ ရက်နေ့ စစ်ကောင်စီပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

ငလျင်ကြီးဖြစ်ပေါ်ခဲ့တာ ၃ လနီးပါးရှိလာပေမယ့် ငလျင်ဒဏ်သင့်ဒေသတွေမှာ အပျက်အစီးတွေကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ လူမှူကူညီရေးအဖွဲ့ဝင်တွေလည်း ရှင်းလင်းရှာဖွေရေးလုပ်ငန်းတွေကို လုပ်ကိုင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။