myaelatt athan

Sharing Information to the Local

မုံရွာလူထုသပိတ် ၂ နှစ်ပြည့်အဖြစ် မြို့အဝင်မုဒ်ဦးရှေ့ စုပေါင်းချီတက်ဆန္ဒပြ

မုံရွာ၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၃။

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်အဖြစ် မုံရွာမြို့အဝင် မုဒ်ဦးရှေ့မှာ ဒီနေ့ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှာ အင်အားအများအပြားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

“ဒီကနေ့ဟာ ကျနော်တို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ ဒီနေ့ ကျရောက်တဲ့ ၂ နှစ်ပြည့် အထိမ်းမှတ်အနေနဲ့ မုံရွာမြို့လမ်းမထက်ကို ချီတက်ပြီး “(၂)နှစ်ပြည့်မှသည် ရှေ့သို့ချီ စုပေါင်းအားနှင့် ရုန်းကြမည်” ဆိုတဲ့ စာသားနဲ့အတူ လူထုသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြတာပါ” လို့ သပိတ်ကော်မတီဝင်တဦးက ပြောပါတယ်။

အဆိုပါသပိတ်စစ်ကြောင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကြွေးကြော်သံတွေ ဟစ်ကြွေးပြီး လမ်းမတလျောက် ချီတက်သပိတ်မှောက်ခဲ့ကြသလို ၂ နှစ်တာကာလအတွင်း ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် အသက်ပေးခဲ့ရသူတွေ၊ မတရားဖမ်းဆီးခံထားရတဲ့ ရဲဘော်တွေနဲ့အတူ၊ မလွတ်မြောက်သေးတဲ့ သူတွေအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

၂ နှစ်တာကာလအတွင်း ပြည်သူလူထုနဲ့အတူ တသားတည်း ရပ်တည်ကာ လူထုလုပ်ရှားမှုတွေ အားကောင်းလာစေဖို့နဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်မျှော်ရည်မှန်းချက်တို့အတွက် ပြည်သူတွေ ပါဝင်လာနိုင်ရေးတို့ကို တစိုက်မတ်မတ် ကြိုး‌စားဆောင်ရွက်ခဲ့ပြီး စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တော်လှန်လျက် ရှိသလို ပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်ကာ အတူချီတက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြတာပါ။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။