myaelatt athan

Sharing Information to the Local

သရက်ခြံဆေးဖြန်းနေတဲ့အမျိုးသား ၃ ဦးကို စစ်ကောင်စီနဲ့ပျူတွေကပစ်ခတ်လို့ ၁ ဦးသေဆုံး

0 1
0 1

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၃။

စစ်ကိုင်းမြို့နယ်၊ စံသစ်ကျေးရွာက အမျိုးသား ၃ ဦးဟာ သရက်ခြံကိုဆေးဖျန်းနေချိန် စစ်ကောင်စီနဲ့ပျူတွေလာရောက်ပစ်ခတ်ခဲ့တာကြောင့် ၁ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

ဖေဖော်ဝါရီ ၆ ရက် မနက် ၈ နာရီမှာပစ်ခတ်ခံရတာဖြစ်ပြီး သေဆုံးခဲ့သူမှာ ဦးဝင်းအောင် ၄၀ နှစ်ဖြစ်ကာ အခြားအမျိုးသား ၂ ဦးနဲ့အတူ ဆေးဖျန်းနေချိန် ကြွယ်ပုံ(ပျူ)ရွာက စစ်ကောင်စီနဲ့ ပျူတွေက လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ထွက်ပြေးလွှတ်မြောက်လာသူတွေရဲ့ ပြောဆိုချက်ကိုကိုးကားပြီး တိုက်နယ်စွန် PDF မှ ပြန်ကြားရေးစွန်နက်က ပြောပါတယ်။

“ပျူနဲ့စကစတွေက ဆယ်ကိုးဦးလောက်ရှိတယ်။ ဘာမှမလုပ်ဘဲနဲ့ အကြောင်းမဲ့လာပစ်တာ။ ၃ ယောက် မှာ ၂ယောက်ထွက်ပြေးလွတ်လာတယ်။ ဦးဝင်းအောင်ကတော့ ခြေထောက်ကျည်မှန်သွားလို့ ကျန်ခဲ့တယ်။ အဲဒါကိုကျနော်တို့ PDF ရဲဘော်တွေ သွားရောက်ရှာဖွေခဲ့ပါတယ်” လို့ ဆိုပါတယ်။

တိုက်နယ်စွန် PDF တပ်ဖွဲ့မှ ရဲဘော်တွေ ဦးဝင်းအောင်ကို သွားရောက်ရှာဖွယ်ခဲ့ရာ သူ့မှာ ခြေထောက်နဲ့နဖူးမှာကျည်ထိမှန်ပြီး သေဆုံးနေတဲ့ ရုပ်အလောင်းကို သရက်ခြံရဲ့ ဘေးကလယ်ကွင်းပြင်မှာတွေ့ရှိခဲ့ရတယ်လို့ စွန်နက်ကပြောပါတယ်။

“ဆေးဖျန်းတဲ့ စက်တလုံးကိုပါမီးရှို့ထားတာတွေ့ရတယ်။ ဦးဝင်းအောင်ရဲ့ ရုပ်အလောင်း ကတော့ မျက်လုံးတွေမပါတော့ဘူး။ တော်တော်လည်း စုတ်ပြတ်သွားပြီ” လို့ ဆိုပါတယ်။

တွေ့ရှိတဲ့ ဦးဝင်းအောင်ရဲ့ရုပ်အလောင်းကို PDF တွေက ကျေးရွာထဲကိုသယ်ဆောင်ယူလာပြီး ဖေဖော်ဝါရီလ ၆ ရက်ညပိုင်းအချိန်မှာဘဲ မီးသဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။