ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီကအထိုင်ချစစ်ကြောင်းထိုးနေလို့ ဒေသခံ ၂၀၀၀ ကျော်ထွက်ပြေးနေရ

0 4
0 4

အုတ်ဖို၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းနဲ့ ဝင်းသရက်ကျေးရွာဘက်မှာ စစ်ကောင်စီဘက်ကအထိုင်ချပြီး ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးနေလို့ ဒေသခံ ၂၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ နောက်ဆုံးအပတ်လောက်ကစတင်ပြီး စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်ဟာ ထန်းပင်ကုန်းနဲ့ ဝင်းသရက်ရွာမှာ အထိုင်ချပြီး ပဲခူးရိုးမပေါ်မှာ PDF အဖွဲ့တွေကို တက်ရှာလိုက် ပြန်ဆင်းလိုက် နေ့စဥ်နီးပါးလုပ်နေတဲ့အပြင် လက်နက်ကြီးတွေနဲ့ ပါပစ်နေတာကြောင့် ဒေသခံတွေက ထွက်ပြေးနေရတာဖြစ်တယ်လို့ အုတ်ဖိုမြို့နယ် ပကဖ တာဝန်ခံကပြောပါတယ်။

“သူတို့ စစ်ကြောင်းက အထိုင်ချပြီး ရိုးမပေါ်ထိုးနေတာ။ အုတ်ဖိုအရှေ့ဘက်ခြမ်းကိုပေါ့။ သူတို့က လူတွေသာ ချိန်းသွားတယ်။ ရိုးမပေါ်တက်တက်ရှာတာက မပျက်ဘူး။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပစ်လိုက်။ သွားလိုက်လုပ်နေတာ။ သူတို့လာတော့ ဒေသခံတွေကလည်း ပြဿနာရှာခံရမှာစိုးပြီး ပြောင်းသွားကြတာ။ အဲ့ဘက်ခြမ်းက ဒေသခံအများစုက ကရင်တိုင်းရင်းသားတွေ ဖြစ်တယ်”လို့ ပြောပါတယ်။

အုတ်ဖိုမြို့နယ်ထဲမှာ စစ်ကောင်စီသတင်းပေးပျူတွေ အသတ်ခံရပြီးနောက်ပိုင်းမှာ စစ်ကြောင်းရောက်လာပြီး ပြန်မထွက်တော့ဘဲ အထိုင်ချတပ်စွဲနေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က PDF တွေကို ရိုးမပေါ်နေ့တိုင်းနီးပါးတက်ရှာနေပေမယ့် တိုင်ပွဲဖြစ်ပွားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီဘက်က အထိုင်ချစစ်ကြောင်းထိုးနေလို့ ထန်းပင်ကုန်း၊ ဝင်းသရက်၊ စမ်းကြီးကုန်းကျေးရွာတွေအပါအဝင် ကျေးရွာ ၅ ရွာခန့်က ဒေသခံ ၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာ တောတောင်နဲ့ဆွေမျိုးတွေရှိရာနေရာတွေကို ပြောင်းရွေ့နေထိုင်နေကြတယ်လို့ သိရပါတယ်။

တောတောင်တွေထဲမှာ ပုန်းရှောင်နေရတဲ့ ဒေသခံတွေအနေနဲ့ စားနပ်ရိက္ခာ၊ တေးဝါးနဲ့ခြုံစောင်၊ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

အုတ်ဖိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ယဥ်တန်း၊ စစ်ကောင်စီတပ်စွဲနေရာတွေနဲ့ သတင်းပေးဒလန်ဆိုသူတွေ မကြာခဏ တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။