myaelatt athan

Sharing Information to the Local

ရေနံချောင်းမှာ ဆက်ကြေးကောက်နေတဲ့စစ်အုပ်စု ပစ်ခတ်ခံရလို့ ၃ ဦးခန့်သေဆုံးနိုင်

0 2
0 2

ရေနံချောင်း၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၃။

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ မြို့ရှောင်လမ်း လမ်းဆုံရှိ ယာကြီးပြင်စစ်ဆေးရေးဂိတ်ကစစ်ကောင်စီတပ်သားတွေဟာ လမ်းသွားပြည်သူတွေရဲ့ကားတွေကို ဆပ်ကြေးကောက်နေလို့ ဖေဖော်ဝါရီလ ၈ ရက်မနေ့ညပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဂိတ်မှာ စစ်သားနဲ့ရဲ ၁၀ ဦးဝန်းကျင်ရှိပြီး သူတို့ကိုမနေ့ည ၁၀ နာရီဝန်းကျင်မှာ မဟာမိတ်အဖွဲ့ ၃ ဖွဲ့ပေါင်းတိုက်ခိုက်ခဲ့တာလို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ PDF-Yenangyaung မှ ဗိုလ်စံသျှားကပြောပါတယ်။

“စစ်အုပ်စုက မြို့ရှောင်လမ်းနဲ့ ယာကြီးပြင်ဘက်ကိုဝင်တဲ့လမ်းတွေမှာ ဘယ်ညာညှပ်ထိုင်ပြီး ကားတွေကိုပိုက်ဆံတောင်းတယ်၊ ‌အမျိုးမျိုးငွေညစ်ပြီး ဆပ်ကြေးကောက်နေတာ၊ အင်အားက ၁၀ ကောင်လောက်ရှိတယ်၊ အပြန်အလှန်ပစ်ခတ်ခဲ့တာ ၁၅ မိနစ်လောက် ကြာတယ်၊ ရဲနဲ့စစ်ပေါင်းနေတာ၊ စစ်*ကများတယ်” လို့ ပြောပါတယ်။

ပဲခူးအခြေစိုက် တမခ ၇၇ ကစစ်သားတွေနဲ့ ညောင်လှရဲစခန်းကရဲတွေလည်းပါဝင်ပြီး တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံအချို့ရဲ့ ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့ ဗိုလ်စံသျှားက ဆိုပါတယ်။

ဒီသေဆုံးမှုနဲ့ပတ်သက်လို့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီတိုက်ခိုက်မှုကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ PDF-Yenangyaung၊ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Yenangyaung Local People’s Defence Force (ဖေကံကောင်းအဖွဲ့)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်ညပိုင်းမှာလည်း ရေနံချောင်းမြို့၊ လက်မှတ်ကုန်းနယ်မြေရဲစခန်းကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ PDF-Yenangyaung အဖွဲ့က မိုင်းခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။