တပ်ရင်း ၃ ခု ပေါင်းလာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၃ ဦးခန့် သေဆုံးနိုင်

0 2
0 2

မကွေး၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၃။

မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ သရက်ချည်ကျေးရွာကနေ ကျောက်ထုမြို့ဘက်ကို ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံကာကွယ်ရေးတပ်တွေက ဖေဖော်ဝါရီလ ၇ ရက် မနေ့ကမနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

တမခ ၅၅၊ တမခ ၁၁ နဲ့ တမခ ၁၀၁ တပ်ရင်းက စစ်သားတွေဟာ ဖေဖော်ဝါရီလ ၆ ရက်ညက သရက်ချည်ကျေးရွာမှာ ညအိပ်တပ်စွဲပြီး မနက်ပိုင်းမှ အင်အား ၈၀ ဝန်းကျင်နဲ့ စစ်ကြောင်းထွက်လာချိန် ငလွန်းကျေးရွာနဲ့ ကျောက်ထုမြို့အကြားမှာတိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ Kyaukhtu Regional People Defense Force တာဝန်ခံက ပြောပါတယ်။

“အဲဒီစစ်ကြောင်းက နေတိုင်းလိုလို ကျောက်ထုမြို့နဲ့ ထီးချိုင့်နယ်ထဲကို ပတ်နေတာ၊ သရက်ချည်ကျေးရွာမှာ ညအိပ်တယ်။ မိုင်း ၁၀ လုံးခွဲတာမှာ ၇ လုံး ခွဲနိုင်ခဲ့တယ်။ ၃ ကောင် သေပြီး ထမ်းစဉ်နဲ့ ၈ ကောင် သယ်သွားတာ တွေ့ရတယ်။ ကားနဲ့လာပြီးတော့ အလောင်းတွေ လာကောက်တာလည်း ရှိတယ်။ အလောင်းတွေကို ကားနဲ့ကျောက်ထုတပ်ထဲကို သယ်ပြီး ဒဏ်ရာရသူတွေကိုတော့ ကျောက်ထုရဲစန်းထဲ သယ်တယ်” လို့ ပြောပါတယ်။

ဒီသေဆုံးမှုတွေကို မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေရဲ့ မျက်မြင်အရ အတည်ပြုနိုင်ခဲ့တယ်လို့ဆိုပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်ကလည်း အဆိုပါစစ်ကြောင်းကို ကျောက်ထုမြို့အဝင် ယောချောင်းတံတားထိပ်အရောက်မှာ Kyaukhtu Regional People Defense Force အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေ ရှိခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။