စကားများရန်ဖြစ်ရာမှာ သားဖြစ်သူက ဓားနဲ့ထိုးလို့ အဖေဖြစ်သူ သေဆုံး

0 4
0 4

တောင်ငူ၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၃။

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ပေါက်တောရွာက သားအဖ ၂ ဦးဟာ ရန်ဖြစ်စကားများရာမှ သားဖြစ်သူက ဓားနဲ့ထိုးလိုက်လို့ အဖေဖြစ်သူ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၆ ရက်မနေ့ည ၇ နာရီ ၂၀ မိနစ်လောက်မှာ အသက် ၂၄ နှစ်အရွယ် ကိုရန်လင်းစိုးဆိုသူနဲ့ အဖေဖြစ်သူ ဦးဆန်းဝင်းတို့ အ‌ချေတင်စကားများရာမှ သားဖြစ်သူက ဓားနဲ့ထိုးလိုက်လို့ အဖေဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ဦးဆန်းဝင်းက အိမ်ထောင်ကွဲပါ။ သူ့မှာသား ၂ ယောက် သမီး ၁ ယောက် ရှိပါတယ်။ မနေ့က ဦးဆန်းဝင်းကို ဓားနဲ့ ထိုးလိုက်တာက သူ့သား အလတ်ကောင်ပါ” လို့ ဆိုပါတယ်။

ဒီဖြစ်စဥ် ဖြစ်ပွားခဲ့တာနဲ့ပက်သက်ပြီး အသေးစိတ်အခြေအနေတွေကို မသိရှိရသေးပါဘူး။

အခုလက်ရှိမှာတော့ ဦးဆန်းဝင်းကို သဂြိုဟ်ဖို့အတွက် ပြင်ဆင်နေပြီး ကိုရန်လင်းစိုးကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညတွင်းချင်း ဖမ်းဆီးရမိသွားတယ်လို့ သိရပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။