myaelatt athan

Sharing Information to the Local

လောင်းကစားဝိုင်းမှာ သေနတ်နဲ့ပစ်ခံရလို့ ဗိုလ်တဦးအပါ ၆ ဦး သေဆုံး

0
0

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်၊ ဆားတောင်မြို့ပေါ်(တနေရာမှာ) လောင်းကစားဝိုင်းဖွင့်ထားတဲ့ ၂ပွင့်ဗိုလ်တဦး နဲ့ နောက်လိုက် ၅ ဦး သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၅ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ မြေအောက်လျှပ်စီးပြောက်ကျား တပ်ဖွဲ့က ပြည်သူတွေတိုင်ကြားချက်ကြောင့် လောင်းကစားဝိုင်းရှိရာနေရာကို သွားရောက်ပစ်ခတ်ခဲ့တာလို့ ဗိုလ်မုန်တိုင်း က မြေလတ်အသံကို ပြောပါတယ်။

“၂ပွင့်ဗိုလ်လို့ ဘာကြောင့်သိရလဲဆိုတော့ ၆လုံးပြူးလည်းကိုင်တယ်။ နောက်ပြီး ကျနော်တို့ကိုသတင်းပေးပို့တဲ့ ပြည်သူက အတိအကျကိုပြောတာပါ။ အဲဒီထဲမှာ ဦးစိန်ထွန်းနဲ့ ဒေါ်သိန်းကြည်က ဒလန်လင်မယားတွေပါ။ သူတို့တွေက ပြည်သူတွေကိုစစ်ကောင်စီနဲ့ ခြိမ်းခြောက်ထားပြီး လောင်းကစားဝိုင်းဖွင့်ထားပါ” လို့ ဆိုပါတယ်။

ကားပေါ်မှာထိုင်နေတဲ့ ဗိုလ်မျိုးထွန်းသိန်း၊ ဦးစိန်ထွန်း၊ ဒေါ်သိန်းကြည်နဲ့အတူ လောင်း ကစားဝိုင်းမှာ လုံခြုံရေးယူပေးနေတဲ့ရဲတပ််ဖွဲ့ဝင် ၄ ဦး စုစုပေါင်း ၆ ဦးပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်သူတွေတိုင်ထားတာကတော့ကြာပြီ၊ အရင်ရက်တွေမှာဆို သူတို့က (စစ်ကောင်စီ) လက်နက်တွေကိုယ်စီနဲ့လာကြတော့ ကျနော်တို့က သွားပစ်လို့မရဘူး၊ လက်နက်အင်အားကမမျှလို့၊ ဒီနေ့တော့ သူတို့တပ်ဖွဲ့ထဲမှာ ဗိုလ်တယောက်ပဲ ခြောက်လုံးပြူးပါတယ်ဆိုလို့ ကျနော်တို့က သွားရောက်ပစ်ခတ်ခဲ့တာပါ” လို့ ပြောပါတယ်။

လောင်းကစားဝိုင်းထဲမှ ငွေကျပ် ၃၄၂၀၀၀ ကိုသိမ်းဆည်းရမိသွားပြီး သိမ်းဆည်းထားတဲ့ ငွေကြေးတွေကိုလည်း တော်လှန်ရေးအတွက် အသုံးပြုသွားမှာဖြစ်ကြောင်း နဲ့ ၂ ပွင့်ဗိုလ် မျိုးထွန်းသိန်း ကနေ ၆လုံးပြူး အတိုတလက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။