myaelatt athan

Sharing Information to the Local

မန္တလေးကအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

မန္တလေး၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၃။

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်မနေ့ကမနက် ၁၁ နာရီဝန်းကျင်မှာ သင်ပန်းကုန်းရပ်ကွက်၊ ၁၂၁×၁၂၂ လမ်းကြား၊ ၅၁ (ဘီ)လမ်းရှိ အုပ်ချုပ်ရေးမှူး ဦးသာဌေး ၆၉ နှစ်ဟာ နေအိမ်မှာရှိနေချိန် သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

“သူက အရင်ကရာအိမ်မှူးပါ။ သူရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာမှာ သူကအုပ်ကြီးဖြစ်တာ မကြာသေးဘူး။ အဲ့ဒါကို အိမ်မှာရှိနေတဲ့အချိန် ပစ်သတ်သွားတာ။ သူကအသက်လည်း တော်တော်ကြီးနေပြီ။ အရင်ကတည်းက ရာအိမ်မှူးလုပ်ခဲ့တာဆိုတော့ ဟိုနေရာဒီနေရာပါတာတော့ရှိတယ်”လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ အုပ်ချုပ်ရေးမှူး ဦးသာဌေးဟာ ဦးခေါင်း၊ ရင်ဘတ်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်ရရှိပြီး နေရာမှာဘဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဦးသာဌေးဟာ ကျူးကျော်များရှင်းလင်းရေးဟုဆိုကာ အများပြည်သူပိုင်နေအိမ်တွေကိုဖျက်ဆီးဖို့ စာရင်းကောက်ရာမှာ ဦးဆောင်သူ၊ ဧည့်စာရင်းလက်ခံသူ၊ မဲစာရင်း၊ လူဦးရေစာရင်း၊ အိမ်ထောင်စုစာရင်းကောက်ရာမှာ ဦးဆောင်ပါဝင်နေသူဖြစ်လို့ သေနတ်နဲ့ ၇ ချက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အောင်စည်တော်စစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၃၁ ရက်ကလည်း မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာတောင်ကျေးရွာသားလမ်းမှာ ဒလန်လို့လူသိများတဲ့ အမျိုးသမီးငယ်ကို မင်္ဂလာဆောင်ကနေ ဆိုင်ကယ်နဲ့ပြန်လာချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့တခုက ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။