myaelatt athan

Sharing Information to the Local

ရွေးကောက်ပွဲလုပ်ဖို့ စီစဥ်နေတဲ့ ကမ္မအုပ်ချုပ်ရေးရုံး မိုင်းခွဲခံရ

မကွေး၊ ဖေဖော်ဝါရီ ၂၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့က ရွေးကောက်ပွဲလုပ်ဖို့စီစဥ်နေတဲ့ ကမ္မမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မိုင်းခွဲခံရပြီး ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီရုံးကို ဖေဖော်ဝါရီလ ၁ ရက်မနက် ၉ နာရီခွဲဝန်းကျင်မှာ စစ်တပ်က အာဏာသိမ်း ၂ နှစ်ပြည့် ဆန့်ကျင်တဲ့အနေနဲ့ မိုင်းခွဲခဲ့တာလို့ ပခုက္ကူ ပကဖ တာဝန်ရှိသူက ပြောပါတယ်။

“သူတို့ရုံးထဲထိ မိုင်းဆင်တိုက်ခိုက်ခဲ့တာပါ။ ရုံးမှာက လူတွေမရှိဘူး။ ကမ္မမြို့မှာက စကစ ဘက်က အုပ်ချုပ်ဖို့ မနိုင်နင်းဘူး။ လက်ရှိကလည်း စကစ ဘက်က ရွေးကောက်ပွဲလုပ်ဖို့ စီစဥ်နေတာလေ။ သူတို့အစီအစဥ် မဖြစ်ဖို့အတွက်တော့ ကျနော်တို့ဘက်က ရတဲ့နည်းလမ်းနဲ့ လုပ်မှာဖြစ်တယ်။ မိုင်းကြီးတလုံးဘဲ ထောင်ပြီး ဖောက်ခွဲခဲ့တာပါ” လို့ ပြောပါတယ်။

မိုင်းထောင်ဖောက်ခွဲခံရလို့ ကမ္မမြို့ အထွေထွေအုပ်ချုပ်ရေးရုံး ပင်မရုံးအဆောက်အဦး တခြမ်းပြိုကျခဲ့ပြီး ရုံးတွင်းရှိ စာရွက်စာတမ်းတွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ရုံးမိုင်းထောင်ဖောက်ခွဲခံရပြီး နာရီဝက်ကျော်လောက်အကြာမှ လာရောက်စစ်ဆေးမှုတွေ လုပ်သွားတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်ကလည်း ကမ္မမြို့ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၂ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။