myaelatt athan

Sharing Information to the Local

PDF မကြောက်လို့စခန်းမှူးလုပ်နေတာ‌ဟုကြွေးကြော်နေတဲ့ ရဲစခန်းကို PDF တိုက်ခိုက်

မကွေး၊ ဇန်နဝါရီ ၃၁၊ ၂၀၂၃။

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ PDF မကြောက်လို့ စခန်းမှူးလုပ်နေတာ‌ဟုကြွေးကြော်နေတဲ့လက်မှတ်ကုန်းနယ်မြေရဲစခန်းကို PDF အဖွဲ့တွေက ဇန်နဝါရီလ ၃၁ ရက်မှာမိုင်းခွဲခဲ့ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“လက်မှတ်ကုန်းနယ်မြေရဲစခန်းကလည်း ခဏခဏကြွေးကြော်နေတာ၊ PDF မကြောက်လို့ စခန်းမှူးလုပ်နေတာ၊ သတ္တိရှိရင် မိုက်တဲ့ကောင်ထွက်ခဲ့၊ ဘယ်ကောင် PDF ကိုထောက်ပို့ရဲလည်း ကြွေးကြော်နေလို့ ရဲစခန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာ” လို့ People’s Defence Force Yenangyaung (မကွေးခရိုင်အမှတ်-၂ တပ်ရင်း)မှ ဗိုလ်စံသျှားက ပြောပါတယ်။

ည ၇ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းရှေ့တည့်တည့်မှာ တိုက်ခိုက်ခဲ့တာလို့လည်း သူက ဆက်ပြောပါတယ်။

“ဒီနေ့ည ၇ နာရီလောက်အချိန်မှာ လက်မှတ်ကုန်းနယ်မြေရဲစခန်းရှေ့တံခါးတည့်တည့်ကို စလစ်ပြင်းအားမိုင်း ၁ လုံးဖောက်ခွဲလိုက်တယ်၊ မျှော်စင်ပေါ်နဲ့ဘန်ကာမှာ စောင့်နေတဲ့ရဲတွေကို လက်နက်ငယ်နဲ့ဝင်ပစ်ခဲ့တယ်၊ ပျောက်ကြားပုံစံမျိုးလုပ်ဆောင်ခဲ့တယ်” လို့ ဆိုပါတယ်။

ရေနံချောင်းမိဘပြည်သူတွေအနေနဲ့ မနက်ဖြန် စစ်ကောင်စီက အကြမ်းဖက်အာဏာသိမ်းထားတာ ၂ နှစ်ပြည့်မှာ ပြည်သူတွေအနေ နဲ့ ကျန်းမာရေးကိစ္စမှအပ အပြင်လုံးဝမထွက်ကြဖို့ အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ကြဖို့ ဈေး လက်ဘက်ရည်ဆိုင် တို့ပိတ်ဖို့လည်း သတိပေးပါတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို People’s Defence Force Yenangyaung (မကွေးခရိုင်အမှတ် -၂ တပ်ရင်း)နဲ့ Hunter Dragon Group၊ ဖေကံကောင်းအဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်ကလည်း ရေနံချောင်းမြို့၊ ယာပြင်စစ်ဆေးရေးဂိတ်ကပြန်လာတဲ့ လက်မှတ်ကုန်းနယ်မြေရဲစခန်းက ရဲအုပ်စီးလာတဲ့ကားကို People’s Defence Force Yenangyaung(မကွေးခရိုင်အမှတ်-၂ တပ်ရင်း)က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။