ခင်ဦးမှာ တိုက်ပွဲတွေနဲ့ဖိနှိပ်မှုတွေကြားကပဲ မြို့နယ်တရားရေးအဖွဲ့ရုံး စတင်ဖွင့်လှစ်

ရွှေဘို၊ ဇန်နဝါရီ ၂၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းမှာ နေ့တိုင်းနီးပါး ထိတွေ့တိုက်ပွဲနဲ့ ဖိနှိပ်မှုတွေကြားကပဲ ဥပဒေရေးရာတွေ စီရင်ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ချက်နဲ့ မြို့နယ်တရားရေးအဖွဲ့ရုံးကို ဇန်နဝါရီလ ၂၈ ရက်မနေ့က စတင်ဖွင့်လှစ်ခဲ့တယ်လို့ ခင်ဦး PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“တိုက်ပွဲတွေနဲ့ မီးလောင်ဖျက်ဆီးမှုတွေကြားကပဲ တရားဥပဒေစိုးမိုးရေး တရားစီရင်မှုတွေမှာ ဖက်ဒရယ်စနစ်နဲ့ ဆောင်ရွက်နိုင်ဖို့ တရားရေးအဖွဲ့ရုံးဖွင့်လှစ်နိုင်အောင်စီစဉ်ခဲ့တာပါ။ ဇန်နဝါရီလ ၂၄ ရက်နေ့ကစပြီး ဖွင့်လှစ်နိုင်အောင်စီစဉ်နေတာပါ။ ခုတော့ ဖွင့်လှစ်ထားပါပြီ”လို့ သူကဆက်ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီးဌာန တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးတွေကို နိုင်ငံတကာဥပဒေ၊ လူအခွင့်အရေးဆိုင်ရာဥပဒေတွေ၊ ဖက်ဒရယ်စနစ်ကိုမသွေဖယ်တဲ့ ဥပဒေတွေနဲ့အညီ စီရင်ဆောင်ရွက်နိုင်ဖို့ တရားရေးအဖွဲ့ရုံး ဖွင့်လှစ်လိုက်တာလို့ ဆိုပါတယ်။

ဖွင့်ပွဲကို ခင်ဦး မြို့နယ် အုပ်ချုပ်ရေး ခေါင်းဆောင်နဲ့အတူ အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံအသီးသီး၊ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ခေါင်းဆောင်၊ တိုက်နယ်ခေါင်းဆောင်တွေနဲ့အတူ ရပ်/ ကျေး ပကဖတွေက တက်ရောက်အားပေး ဖွင့်လှစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။