မကွေးက လူထုသပိတ်ကို PDF တွေ လုံခြုံရေးယူပေး

0 4
0 4

မကွေး၊ ဇန်နဝါရီ ၂၈၊ ၂၀၂၃။

မကွေးတိုင်းထဲကတနေရာမှာ ဇန်နဝါရီလ ၂၈ ရက်ဒီညနေပိုင်းက ပခုက္ကူလူထုတိုက်ပွဲကော်မတီမြေပြင်လှုပ်ရှားမှုအင်အားစုတွေနဲ့ ဒေသခံတွေပူးပေါင်းပြီး စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတခုပြုလုပ်ခဲ့ရာ အဲ့ဒီသပိတ်စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးခဲ့တယ်လို့ သိရပါတယ်။

“တရားမဝင်တဲ့ရွေးကောက်ပွဲ လူထုအားဖြင့်တိုက်ဖျက်ကြ”“သတံတည်းညီတချီတည်းရုံး နှစ်ဆယ့်သုံး”စတဲ့စာသားပါဘန်နာတွေကို ကိုင်ဆောင်ပြီး သပိတ်ဆင်နွှဲခဲ့ကြတာပါ။

“တရားမဝင်ရွေးကောက်ပွဲကို လူထုအားနဲ့တိုက်ခိုက်ကြဆိုသလို ဒီရွေးကောက်ပွဲကို ကျနော်တို့တွေရနိုင်တဲ့ဘက်ကနေ တွန်းလှန်တိုက်ထုတ်ဖို့အတွက်လုပ်ဆောင်ခဲ့တာပါ” လို့ ပခုက္ကူလူထုတိုက်ပွဲကော်မတီဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ကအာဏာသိမ်းတာ ၂ နှစ်ပြည့်အထိမ်းအမှတ်နေ့မှာလည်း ပြည်သူလုပ်ထုအနေနဲ့ ငြိမ်သက်ခြင်းသပိတ်ပြုလုပ်ခြင်း − Silent Strike မှာပါဝင်ကြဖို့ကိုလည်း သပိတ်ဦးဆောင်သူတွေက ပြောဆိုတိုက်တွန်းခဲ့ကြပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။