myaelatt athan

Sharing Information to the Local

ဖုန်းထင်ပြီးကောက်လိုက်ချိန် ဗုံးပေါက်ကွဲလို့ နွားကျောင်းနေသူတဦး ထိမှန်ဒဏ်ရာရ

0
0

ပဲခူး၊ ဇန်နဝါရီ ၂၇၊ ၂၀၂၃။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းဒေသ၊ ရွာမကြီးရွာအနောက်ဖက်က လမင်းသာတံတားနားမှာ မိုင်းတလုံးကွဲပြီး နွားကျောင်းနေတဲ့ အမျိုးသားတဦးကိုထိမှန်ခဲ့တာကြောင့် အခြေနေကစိုးရိမ်ရတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၆ ရက်မနေ့ကနေ့လယ် ၂ နာရီခွဲလောက်မှာ စစ်ကောင်စီစစ်ကားတွေက အဆိုပါလမ်းကဖြတ်သွားပြီး မကြာခင်မှာ မိုင်းကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

“သူက နွားကျောင်းရင်းတံတားအနီးမှာ ကီးပတ်ဖုန်းကိုတွေ့လို့ ကောက်ယူချိန်မိုင်းကွဲတာပါ၊ စိုးရိမ်ရတဲ့ အခြေအနေပါ၊ ဖုန်းကိုအရောင်ပြပြီး အောက်မှာမိုင်းထောင်ထားတာ၊ ဒီဒေသမှာက စစ်**တွေပဲလှုပ်ရှားလာတာပါ၊ ကျနော်တို့ဘက်ကလူတွေက ပြည်သူဒုက္ခဖြစ်စေတဲ့လုပ်ရပ်တွေကို မလုပ်ပါဘူး”လို့ ပြောပါတယ်။

မိုင်းထိမှန်လို့ အသက် ၃၅ နှစ်အရွယ် ရွာမကြီးရွာသား ကိုပေါက်ခေါဆိုသူ ရင်ဘတ်နဲ့ မျက်လုံးကို မိုင်းထိမှန်ကာ တောင်ငူဆေးရုံကို အရေးပေါ်တင်ထားရပြီး၊ သူတို့အိမ်ကစီးပွားရေးမပြေလည်တဲ့အတွက် ရွာထဲကို အလှူငွေကောက်ပြီး ဆေးရုံပို့ပေးထားရတာဖြစ်တယ်လို့ ဆိုပါတယ်။

နယ်ခံတွေကတော့ အဆိုပါမိုင်းဟာ စစ်ကောင်စီဘက်ကထောင်ခဲ့တဲ့ မိုင်းဖြစ်တယ်လို့ ပြောဆိုနေကြပြီး မြေလတ်အသံအနေနဲ့တော့ ဘယ်အဖွဲ့စည်းကထောင်ခဲ့တဲ့ မိုင်းဖြစ်တယ်ဆိုတာ စုံစမ်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲမှာလည်း ရွာမကြီးရွာရဲ့တရွာကျော်က သစ်ပတ်တံတားအနီးမှာ အသက် ၅၆ နှစ်အရွယ် ဒေါ်စန်းမြင့်ဆိုသူဟာ လယ်တောထဲထမင်းသွားပို့ချိန် စစ်ကောင်စီဘက်က ထောင်ထားတဲ့မိုင်းကို နင်းမိပြီး အူပွင့်သေဆုံးခဲ့တဲ့ဖြစ်ရပ်လည်း ရှိခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။