ဘုတလင်၊ ဇွန် ၁၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ မွေးနေ့အကြို အထိမ်းအမှတ်အဖြစ် ပန်းသပိတ်နှိုးဆော်တဲ့စာစောင်တွေဖြန့်ဝေခဲ့တယ်လို့ ဒေါင်းရာဇာပင်မ သပိတ်စစ်ကြောင်း-ဘုတလင်မြို့ ဆီက သိရပါတယ်။



ဇွန် ၁၆ ရက်ကနေ ဒီကနေ့ ၁၈ ရက်အထိ ဘုတလင်မြို့နယ်ထဲကကျေးရွာတွေမှာ စာစောင်ဖြန့်ဝေတာ၊ စာစောင်တွေကို ဓါတ်တိုင်တွေကပ်တာတွေကို လူအင်အား ၃၀ ဝန်းကျင်လောက်နဲ့ လုပ်ခဲ့တာလို့ ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်း-ဘုတလင်မြို့ အတွင်းရေးမှူးက ပြောပါတယ်။










