ကျောက်ကြီးက စစ်ကောင်စီတပ်စခန်းကိုသိမ်းပြီး လက်နက်တွေသိမ်းဆည်း

0 16
0 16

မြေလတ်အသံ၊ ဇွန် ၁၅၊ ၂၀၂၅။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဇွန် ၁၅ ရက်ဒီကနေ့မှာ အထူးကွန်မန်ဒိုတပ်ရင်း -P29914 ကထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀ ကျော်နဲ့ ၁ နှစ်ကျော်ကြာတပ်စွဲထားတဲ့ အုန်းပင်စုရွာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၆ ရက်နေ့လယ် ၃ နာရီကျော်မှာ သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။

“ရွာကတော့ ရွာသားတွေ မရှိတော့ပါဘူး။ စကစ ထိုင်ပြီးကတည်းကပေါ့။ သူတို့အထိုင်ချတာကတော့ သိပ်မကြာသေးပါဘူး။ ၁ နှစ်ကျော်လောက်ပဲရှိမယ်။ သိမ်းပိုက်ရရှိခဲ့တာကတော့ ပုံမှန်အတိုင်းပဲ။ ချေမှုန်းရေးနဲ့ပါပဲ။ မျက်မြင်အတည်ပြုပါတယ် သေဆုံးကိုတော့။”လို့ အထူးကွန်မန်ဒိုတပ်ရင်း – P29914 မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီး ၁ နာရီခွဲအကြာမှာ စခန်းရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျောက်ကြီးမြို့ပေါ်ကို ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း G3 ကျည် ၅၈၀ တောင့်၊ ၄၀ မမ ၁၀ လုံး၊ RPG ပို့ယမ်း ၁၁ ခု၊ RPG အသီး ၉ လုံး၊ MA ခွင်းဗုံး ၇ လုံး၊ RPG 7 ၁ လက်၊ MA11 ၁ လက်၊ လက်ပစ်ဗုံး ၅ လုံး၊ ၁၄ မိုင်း ၇လုံး၊ ရှေ့ထွက်မိုင်း ၃ လုံး၊ MA ကျည်ဘောက် ၃ ဘောက်၊ မိုင်းရှာစက် ၁ လုံး နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ကျောက်တံခါးနဲ့ ကျောက်ကြီးမြို့ကြားရှိ အုန်းပင်စုကျေးရွာစစ်ကောင်စီတပ်စခန်းကို အထူးကွန်မန်ဒိုတပ်ရင်း – P29914 ၊ KNLA တပ်ရင်း ၈၊ ၉၊ အာဋ္ဌာဝက စစ်ကြောင်း၊ ၃၇၀၂ တပ်ရင်း၊ ရန်ကုန်ပကဖ၊ ဧရာဝတီပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။