myaelatt athan

Sharing Information to the Local

ညောင်ဦးအခြေစိုက်တပ်ရင်းမှာ အမျိုးသမီးထောက်လှမ်းရေး သင်တန်းဆင်းပွဲပြုလုပ်

0
0

မကွေး၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၂။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အခြေစိုက်တပ်ရင်းတခုဖြစ်တဲ့ ညောင်ဦးခရိုင် အမှတ်(၂) တပ်ရင်း-ညောင်ရမ်းပြည်သူ့ကာကွယ်ရေးတပ်မှာ အမျိုးသမီးထောက်လှမ်းရေး သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်ဒီကနေ့ မနက် ၁၀ နာရီခွဲမှာကျင်းပခဲ့ကာ ထောက်လှမ်းရေးသင်တန်းအနေနဲ့ ပထမဆုံးဖြစ်ပြီး၊ ထောက်လှမ်းရေးပညာရပ်က တော်လှန်ရေးမှာ အရေးပါတဲ့ကဏ္ဍတခုဖြစ်တဲ့အတွက် ခုလိုစနစ်တကျ သင်တန်းပေးခဲ့တာဖြစ်တယ်လို့ Myaung Young Fortress အဖွဲ့ တာဝန်ရှိသူက ‌ဆိုပါတယ်။

“ကျနော်တို့လို ပုဂံ ညောင်ဦးမြို့တွေဆိုတာက စစ်ကောင်စီဘက်က အင်အားအတော်လေးသာတယ်။ သေချာလေ့ကျင့်မသင်ဘူးဆိုရင် ရှေ့မှာလည်း ပြဿနာတွေကြုံခဲ့ရတာရှိတယ်။ အဲ့တာကြောင့်လည်း တကယ်တတ်ကျွမ်းတဲ့ ဆရာတွေခေါ်ပြီး ရဲဘော်တွေကို သင်တန်းပေးဖြစ်တာပါ။ ရေရှည်မှာဆိုရင်လည်း အမျိုးသမီးတွေကို တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါနိုင်အောင်လို့ ဘယ်လိုသင်တန်းတွေ ဘာတာဝန်တွေ ပေးမယ်ဆိုတာတော့ အထက်ပိုင်းနဲ့ တိုင်ပင်ပြီး စီစဉ်မှာပါ”လို့ ပြောပါတယ်။

ဘာသာရပ်အလိုက် သင်ယူရတာဖြစ်တဲ့အတွက် သင်တန်းကာလကတော့ တလခွဲဝန်းကျင်ကြာမြင့်ခဲ့ပြီး၊ သင်တန်းပြီးရင် တပ်ခွဲတွေရှိတဲ့ဒေသအလိုက် လှုပ်ရှားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

တပ်ရင်းအနေနဲ့ အခြေစံစစ်သင်တန်းအပါအဝင် ဘာသာရပ်မျိုးစုံသင်တန်းတွေလုပ်နေပြီး၊ အမျိုးသမီးသီးသန့် သင်တန်းတွေ ဆက်လက်ပေးသွားဖို့လည်းရည်ရွယ်ထားကာ အမျိုးသားတွေထပ် အမျိုးသမီးတွေက လုံခြုံရေးနဲ့အစစအရာရာ ပိုတာဝန်ကြီးတဲ့အတွက် သေချာစီစဉ်ပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။